ဗိုလ်ချုပ်ကြီး ခင်ညွှန့်အကြောင်း

ငယ်စဉ် ဘဝ

ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို.၊ ဗိုလ်ချုပ်ရွာတွင်မွေးဖွားခဲ့သည်။ တရုပ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ရန်ကုန်တက္တသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို.တွင်အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဥ်ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိသဘောကျသွားသဖြင့် အနားသို့ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲတပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၅)ကို တက်ရောက်ကာ ရာထူးအလွန်အတက်မြန်သဖြင့် အများကပင်အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့်မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိခဲ့ကြသည်။
မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)

နိုင်ငံရေး
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလအမှတ် ၁ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း
(ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည်။ အရေအခင်းကာလမတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး
ညွန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။

နိုင်ငံခေါင်းဆောင်ကာလ

၁၉၈၈ အရေးအခင်းနောက် ၁၈-၁ဝ-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
(န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁)အဖြစ်
ခန့်အပ်ခြင်းခံခဲ့ရသည။၎င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်။

၎င်းနောက် ၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၄င်း၏ ထောက်လှမ်းရေး
အင်းအားစုကြီးကို တိုးချဲ့လာခဲ့သည် ။ ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို.မကျောင်း စိန်ရတုတွင် ဦးဆောင်ပါဝင်ခဲ့သည်။၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁)ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၂တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂ဝဝ၃ ခုနှစ်၊ သြဂုတ်လ တွင်နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂ဝဝ၃) ရက်နေ့မှ (၁၈-၉-၂ဝဝ၄) ရက်နေ့အထိ
နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် နဝတ၊
နအဖအစိုးရခေတ်တွင် သြဇာအကြီးမားဆုံး ဖြစ်သော အတွင်းရေးမှူး(၁)၊ ဖြစ်လာခဲ့သည်။

တပ်မတော်ထောက်လှမ်းရေးမှူးချုပ်
(ကကလှမ်း)၊စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှုး နှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
သူ၏လက်ထက် တွင် ပြီးပြည့်စုံသော ထောက်လှမ်းရေး ကွန်ယက် ကိုထူထောင်နိုင်ခဲ့သည်။
နံရံတိုင်းတွင်နားရှိသည် ဟူသောဆောင်ပုဒ်နှင့် အညီ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

နိုင်ငံတော်အစိုးရအဆက်ဆက်အား လက်နက်ကိုင်တိုက်ခိုက်ခဲ့သော တော်လှန်ရေးအဖွဲ့ (၂ဝ)ကျော်နှင့်
 ငြိမ်းချမ်းရေးရယူပေးခဲ့ကာ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ
ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

ထူးခြားသောစွမ်းဆောင်ရည်

၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။
၁၉၉ဝ-ခုနှစ်ကျော် နှစ်များ နောက်ပိုင်းအထိ ခင်ညွန့်အား ဗိုလ်ချုပ်နေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။

ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးကြားတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့် အခြားအာဏာသိမ်းခေါင်း ဆောင်များထက်ပိုမိုထင်ရှား လူသိများလာခြင်းမှာ -ပိုလည်းရက်စက်သည်။

    လူထုမြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း

  ဝါဒဖြန့်ချိမှုပုံစံများ ပါးနပ်သွက်လက်လျင်မြန် ထိရောက်ခြင်း၊  ပြည်သူလူထု၏ လိုအပ်ချက်ကိုကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အဝမဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့်အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်း ပေးခြင်း ဟုဆိုသော
လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချ
တတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

အိမ်ထောင်ရေး

ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေ နှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊
သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် bagan Cybertech  တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း
တို့ကို ထွန်းကားခဲ့သည်။

 နိဂုံး

ဒေါ် အောင်ဆန်းစုကြည် လုပ်ကြံခံရသည့် ဒီပဲရင်း အရေး အခင်းအပြီး ၂ဝဝ၃ ခု သြဂုတ်လ တွင်
ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်း ခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့်
ကို ကြေငြာခဲ့သည်။ အာစီယံ နိုင်ငံများနှင့် အနောက်နိုင်ငံများ အကြားမြန်မာနိုင်ငံနှင့် စစ်အစိုးရ ဝင်ဆံ့နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ၂ဝဝ၄ ခု အောက်တိုဘာ ၁၈ ရက်တွင်
အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ ရပြီး ရုံးတင်တရားစွဲဆို ခံရကာ
ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၄င်း၏ ထောက်လှမ်းရေးအဖွဲ့ကို
ဖျက်သိမ်း၍ ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ်ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊
ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊
ဗိုလ်မှူးကြီး စန်းပွင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။ဗိုလ်မှူးချုပ်သိန်းဆွေ နှင့်
ဗိုလ်မှူးကြီးခင်အောင်အပါအဝင် ထောက်လှမ်းရေးအရာရှိကြီး ၃၈ ဦးကို အကျင့်ပျက်ခြစားမှု
များနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂ဝ မှ နှစ် ၁ဝဝ ကျော် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

 ပြန်လွတ်လာ

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂ဝ၁၂) ခုနှစ်၊ ဇန်နဝါရီလ
(၁၃) ရက်နေ့၊ နံနက် (၁ဝ) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္တအကြိမ်မြောက်
အကျဉ်းသား ၆၅၁ ဦး လွှတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်း၊ မိုး/ဇလဌာနရုံး
အနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့်ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။ နိုင်ငံရေး မလုပ်တော့ကြောင်းသူက ထုတ်ဖော်ပြောကြားသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF