အမောင်အတွက် ပြန်စာ

အမောင် အတွက်  ပြန်စာ

ရွှီမျက်နှာတော်ထက် ပြုံးဖန်ခ
ပီတိဖြာဆုံး ၀မ်းသာလုံး  
စစ်သည် အမောင် စာချွန်အဆုံး
ကျန်းမာနီကောင်း သတိရမိကြောင်း

တကြောင်းမလာ.....တခွန်းမပါ...........
အလိုလို ၀မ်းနည်းမိရေကာ။



အပါးအနားမဟိနိုင်တောင်မှ
နောက်ကွယ် ကလာကာ ထောင့်တနိန်ရာက

သွန်သင် စောင့်ကြတ် ထိန်းမတ်ဖို့ဟန်
စိတ်စေတနာ သူမခြိုးခြံ

တောင်းပန်ခြင်းနန့် သူဝန်ခံ။

 ပူလောင်ဆူပွက် ရင်တွင်းအနက်
ချစ်ဝေဒနာမသိသာအောင်

စိတ်ဒါဏ်ရာတိ မမြင်လီယောင်
ဒေချစ်နှမ ...

ဆုတောင်း မိတ္တာ ပန်းတသီစာကို
နှစ်သစ်မှာမြူး အပျော်ထူးဖို့

အလွမ်းတရာ စာအိတ်ပိတ်ဗျာ
မျက်ရည်မြစ်ကို ကူးလူးလာ
ပို့လိုက်ပါယာ................... အမောင် အတွက် ပြန်စာ။။


ကျော့ကြာညို (ရခိုင်သမီးပျို)
၁၆.၁.၂၀၁၀

Print Friendly and PDFPrintPrint Friendly and PDFPDF