Very Dangerous Animals

တခါတုန်းကပေါ့။ ရန်ကုန်ကိုရောက်လာတဲ့ နိုင်ငံခြားသားတဦး တပ်မတော်မှတ်တမ်းရုံးနဲ့ တိရိစ္ဆာန်ရုံကြားက ကားမှတ်တိုင်မှာ ဘတ်စကားစောင့်နေတယ်။ ဘတ်စကားစောင့်နေရင်း သိချင်တာတခုရှိတာနဲ့ သူ့ရှေ့ ဖြတ် လျှောက်သွားတဲ့ မြန်မာနိုင်ငံသားတဦးကို အကူအညီ လှမ်းတောင်းလိုက်တယ်။ ပြီးတော့ တိရိစ္ဆာန်ရုံအုတ်တံ တိုင်းကို လက်ညှိုးထိုးပြီး ဘာကြောင့် အုတ်တံတိုင်း အမြင့်ကြီး ကာထားတာလဲလို့ မေးလိုက်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားကလည်း Dangerous Animals ဆိုပြီး မဆိုင်းမတွ ဖြေလိုက်တယ်

မြန်မာနိုင်ငံသားရဲ့ အဖြေကို ကြားတော့ နိုင်ငံခြားသားက အုတ်တံတိုင်းကြီးကို ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ ပြီးတော့ လမ်းတဘက်က တပ်မတော်မှတ်တမ်းရုံးကို လက်ညှိုးထိုးပြီး အုတ်တံတိုင်းအမြင့်ကြီး ရော သံဆူးကြိုးတွေပါ ဘာဖြစ်လို့ ကာထားတာလဲလို့ ထပ်မေးလိုက်ပြန်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားက မျက်လုံးပြူးပြီး Very Dangerous Animals !!! လို့လည်း ဖြေလိုက်ရော နိုင်ငံခြားသားကြီးမှာ တော်တော်သ ဘောကျသွားခဲ့လေသတဲ့။

သာကီထွန်း
Print Friendly and PDFPrintPrint Friendly and PDFPDF