ဗမာ.နောက်လိုက် မလုပ်ကတ်ပါကေ.။

လွန်ခရေ သုး လေးရက်လောက်က ရခိုင်ပြည် စစ်တွေမြို.တွင် ၂၁ရာစု ပင်လုံညီလာခံ ပိုစတာတိ တစ်မြို.လုးံအနှ.ံကပ်ထားကတ်တေလို. ကြားသိရပါရေ။ယင်းကပ်ထားခရေလူတိကိုလည်း ရဲက အပူတပြင်းလိုက်လံ ဟြာဖွေ နိန်ကြောင်း သိရပါရေ။ကျနော် ပြောချင်စော်စကားက ကိုယ်ထမင်းကိုယ်စားပနာ ပထွီးနွားကို ကျောင်းနိန်ကတ်တေ ပိုစတာကပ် လူတစ်စုကို တင်ပြ ပြောဆိုလိုခြင်းဖြစ်ပါရေ။၁၉၄၈ ဇန်န၀ါရီလ ၄ရက် ဗမာလွတ်လပ်ရီးကိုမရသိမ်.ရေ နောက်ပိုင်း အင်္ဂလိပ်ကို တော်လှန်ခကတ်တေအချိန်မှာလည်း ဗမာနန်. လက်တွဲလို. အတူတကွ တော်လှန်ခကတ်ပါရေ။

ဂျပန်ခေတ်မှာလည်း ယင်းအတိုင်းပါဗျာယ်။ခေတ်အဆက်ဆက် ရခိုင်သမိုင်းကို ကြည်.လိုက်ပါ။ရခိုင်လူမျိုးတိကို ဇာဗမာက ကောင်းအောင် လုပ်ပီးခဖူးပါလေး။ဗမာလူမျိုးတိ ရခိုင်နိုင်ငံတော်ကို သိမ်းပိုက်အုပ်ချုပ်ခရေ အခါမှာလည်း ရခိုင်လူမျိုး အသက်ပေါင်းများစော်ကို သတ်ဖြတ်ပနာ ကျီးစာ ဌက်စာကျွေးခစော်တိကိုလည်း သမိုင်းစာမျက်နှာများအရ သိခွင်.ရခပါရေ။

ဗမာအုပ်ချုပ်ပြီးလို. ရခိုင်ပြည်ကို အင်္ဂလိပ်သိမ်းပိုက် အုပ်ချုပ်တေ အခါမှာလည်း ရခိုင်လူမျိုးတိ ကိုယ်ပြည်ကိုယ်မြီကို လိုချင်ကတ်လို. တော်လှန်ခကတ်ပါရေ။ဒေပိုင်တော်လှန်ခရေ အချိန်မှာလည်း မဟာရန်သူဖြစ်တေ ဗမာကို မိတ်ဖွဲ.လို. ကိုယ်ပြည်ကို လိုချင်ပိုင်ဆိုင်ချင်ရေ စိတ်တစ်ခုသျှေနန်. အင်္ဂလိပ်ကို တော်လှန်ခကတ်ပါရေ။ဒေပိုင် တော်လှန်ရီးခေတ်ကာလ အတွင်းမှာလည်း ရခိုင်လူမျိုးတိ ဖွဲစည်းထားရေ အဖွဲအစည်းတိ ရခိုင်ကို ကိုယ်စားပြုပနာ လှုပ်ရှားနိန်ကတ်တေ ရခိုင်တော်လှန်ရီးသမားတိ ရခိုင်ပညာတတ်တိ ဗမာနန်.ပူးပေါင်းခလို. ဗမာလက်အောက်ကို ရောက်လားခပါရေ။ရခိုင်ကိုယ်စားပြု အဖွဲအစည်းတိ ဗမာလက်အောက်ကို ရောက်လားစော် ဗမာစာသည် ဒို.စာ ဗမာစကားသည် ဒို.စကား ဖြစ်လားစော်တိ ယင်းခေတ်က ဒဂါင်္းတိကို ကြည့်ပါ။

ဗမာ.နိုင်ငံတော်ဘဏ်စာတန်းနန်. ထုတ်ထားရေ ဒဂါင်္းတိ။ဗမာလူမျိုးတစ်ခုတည်းကိုရာ ကိုယ်စားပြုရေ ဆောင်ပုဒ်တိ မကန်ပါ။မောင်အောင်ဆန်း အရုပ်နန်. ထုတ်ထားရေ ဒဂါင်္းတိကရာ လွမ်းမိုးထားပါရေ။ရခိုင်ခေါင်းဆောင် ဇာနှစ်ယောက်မျက်နှာနန်. ပါဖူးပါရေလေး။မြန်မာပြည်မှာ ပထမဆုးံ နိုင်ငံရီး အသိစိတ်ကို မျိုးစိ ချပီးထားခရေရခိုင်ဆရာတော်အရုပ်နန်. ဒဂါင်္းတစ်ပြားမြင်ဖူးကတ်ပါလား။ယင်းချင်.ကို ထားလိုက်ပါအုးံသိမ်.။

ဗမာရို.မှာ စိတ်သဘောထားမြင်.မြတ်ပါရေ နားလည်မှုဟိန်.ပါရေလို. ပြောရေ အောင်ဆန်းက ရခိုင်နာင်. မြီပွီး တွိ.ကေ ရခိုင်ကို အရင်သတ်လို. ဗမာလူမျိုးတိကို မှာကြားခကတ်စော်တိကို မိန်.လားခကတ်ပါဗျာယ်လား။အဂုတစ်ဖန် အောင်ဆန်းသမီး စုကြည်က ၂၁ရာစု ပင်လုံညီလာခံလို. နာမေလှတပ်ပနာ နောက်တစ်ကြိမ် ကျွန်ဇတ်သွင်းဖို. လုပ်နိန်စော်ကို အားပီးအားမြောက်လုပ်ပနာ ပိုစတာတိ ကပ်နိန်ခြင်းရေ ကိုယ်ထမင်း ကိုယ်စားပနာ ပထွီးနွားကို လားကျောင်းနိန်စော်နန်. သဏ္ဍာတူနိန်ပါရေ။ယင်းပိုင်လုပ်ခြင်းကြောင်. ရလာရေ ရလဒ်ကလည်း အကျိုးဟိန်.ဖို. မထင်ပါ။ထောင်ကျ အဖမ်းစီး ခံရခါ ရခိုင်လူမျိုး နှိပ်စက်ခံရ အဖမ်းခံရ။ ကောင်းစားခါ ဗမာလူမျိုး ဗမာတိကရာ ကောင်းစားလားဖို.  အရီးပါ။လုပ်မေ.လုပ် ရခိုင်အရီးကိုရာ လုပ်သင်.ပါရေ။ယင်းပိုစတာနိန်ရာမှာ ဗမာနယ်ချဲတိ ရခိုင်ပြည်က ထွက်လားကတ်လို. ရီးပနာ ရခိုင်တစ်နိုင်ငံလုးံ ကပ်ထားလိုက်ကေ ပိုလို. ထိရောက်ပါဖို. ပိုလို. အကျိုးဟိန်.လီပါဖို.။မျိုးဆက်သစ် ရခိုင်ပြည်သူတစ်ရပ်လုးံလည်း မျက်စိပွင်. နားပွင်. ဖြစ်လားပါဖို. မြင်ပါရေ။

ရခိုင်ဆရာတော် အသျှင်ဦးဥတ္တမတုန်းကလည်း အင်္ဂလိပ်ဘုရင်ခံချုပ်ကို မြန်မာပြည်က ထွက်လားဖိလို. နှင်ထုတ်ဖို.အစား ရခိုင်ပြည်က ထွက်လားဖိလို. နှင်ထုတ်စော်က ပို.လို. ပီပြင် သဘာဝ ကျလားပါဖို.။နိုင်ငံရပ်ခြားက ရခိုင်တိကို ကြည်.ပါ။ဇာနိုင်ငံကလဲလို. မိန်းကေ ရခိုင်ပြည်က ရခိုင်သားဆိုကေ မသိကတ်ပါ။မြန်မာနိုင်ငံက မြန်မာနိုင်ငံသားပြောမှ သိကတ်ပါရေ။ရခိုင်လူမျိုးစစစ်ကနိန်ပနာ မြန်မာ(ဗမာ ) လူမျိုးလို. ပြောနိန်ရခြင်းရေ  ရှီးခေတ်က ရခိုင်တစ်ချို. ရခိုင်အရီးကို ထိထိရောက်ရောက် မလုပ်ခကတ်လို. ဗမာနောက်လိုက် လုပ်ခကတ်လို. တထပ်စာကို တစ်သက်စာ မြင်ခကတ်လို.လူမျိုးနာမေပျောက် နိုင်ငံနာမေပျောက်ရခြင်းဖြစ်ပါရေ။ နောက်ထပ်တစ်ကြိမ် ဗမာထောင်ချောက်ထဲမှာ ကျွန်ဇတ်သွင်းခံရဖို.ကိစ္စ မလုပ်ကတ်ပါကေ.။နောက်လိုက်မလုပ်ကတ်ပါကေ.လို. မိတ္တာရပ်ခံအပ်ပါရေ။(ရွီမြောက်ဦး-ခိုင်ကျော်ဆန်း)
Print Friendly and PDFPrintPrint Friendly and PDFPDF