အလွမ်း

ဝင်လေထွက်လေ အသက်ရှူသံတိုင်းမှာ
တမ်းတမိတယ် ချစ်သူမျက်နှာ။
တစ်ရက်တစ်ရက် မတွေ.မမြင်
နေလို့ထိုင်လို့ လုးံဝမပျော်
ချစ်သူမျက်နှာ ပျားရည်ပမာ
ငါ့၏ရင်ထဲ ချိုမြန်ပါ၏။
စိတ်ငြိမ်ဖို့ရန် တရားထိုင်ငြား
အာရုံထဲမှာ သူပုံရိပ်လွှာ
စိုးမိုးနေတယ် အချိန်တိုင်းမှာ
ဘာဘဲတစ်ခု သူ့အကြောင်းသာ
တွေးလေတွေးလေ တွေးချင်လာလေ
ညမိုးချုပ်ကျော် မိုးပါလင်းသွား
အိပ်မပျော်ငြား အိပ်ဆေးသောက်လည်း
သူ့ပုံရိပ်လွှာ စိုးမိုးပြန်၏။
အလွမ်းသီချင်း ငါနားထောင်တိုင်း
စိတ်ကူးတိုင်းမှာ သူပုံရိပ်လွှာ
မြင်ယောင်ပါအံ့ ချစ်ရသူရယ်။(အာဂလူ-ရင်တွင်းဖြစ်)
Print Friendly and PDFPrintPrint Friendly and PDFPDF