ရခိုင်ပြည်ဝန်ကြီးချုပ် ဦးလှမောင်တင်သို့ အိပ်ဖွင့်ပေးစာ

သို့ 
ဦးလှမောင်တင်(၀န်ကြီးချုပ်)
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံး
စစ်တွေမြို့ 
ရခိုင်ပြည်နယ် ရက်စွဲ-(၂၀၁၂-ခုနှစ် ဇန်န၀ါရီလ ၁၆-ရက်)

အကြောင်းအရာ။ ။ရွှေသဘာဝဓါတ်ငွေ့ မှစွမ်းအင်အချို့ နှင့် အကျိုးအမြတ်တချို့ ကို ရခိုင်ပြည်နယ် နှင့် ရခိုင်ပြည်သူများအပြည့်အ၀ သုံးစွဲခွင့်ရရှိရေး။
အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍၀န်ကြီးချူပ်နှင့် တကွ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝင် ၀န်ကြီးမျှားအား ရခိုင်ပြည်သူများ ကိုယ်စား ရက္ခအလင်းတန်း လူငယ်အဖွဲ့ (ပြည်တွင်း)မှ ရိုသေလေးစားဂါရ၀ ပြုကြောင်း ပြောကြားလိုပါသည်။ နိုဝင်ဘာ လ(၇)ရက်(၂၀၁၀)ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်သူလူထုတို့ ၏ ဆန္ဒနှင့် အညီရွှေးချယ်တင်မြောက်ခြင်းခံရသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အား ရက္ခအလင်းတန်းမှ ကြိုဆို ထောက်ခံပါကြောင်းလည်း ပြောကြားလိုပါသည်။ ကျွန်တော်တို့ သည် ရခိုင်ပြည်နယ် တိုးတက်ဖွံ့ ဖြိုးရေး အေး ချမ်းသာယာရေးနှင့် ရခိုင်ပြည်သူလူထုများ၏ စီးပွါးရေး လူမှု့ ရေး ကျန်းမာရေး ပညာရေး နိုင်ငံရေး စသည့်နိမ့် ကျနေသော အခြေအနေများကို တစ်စုံတစ်ရာအထောက်အကူပြုနိုင်လိမ့်မည်ဟု ရည်ရွယ်ချက်ဖြင့် ဤအိတ်ဖွင့် ပေးစာကို ရေးသားပေးပို့ အပ်ပါသည်။


ကျွန်တော်တို့ ရခိုင်ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး(၇) တိုင်းနှင့်ပြည် နယ် (၇)ခု ရှိသည့် အနက် ပြည်ထောင်စု မြန်မာနိုင်ငံတစ်ခုလုံးတွင် ဒုတိယအဆင်းရဲဆုံးနှင့်ဖွံဖြိုး တိုးတက်မှု့ အနည်း ဆုံးပြည်နယ်တစ်ခု အဖြစ် ကုလသမဂ္ဂ အဖွဲ့ အစည်းတစ်ခု၏ စစ်တမ်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ ကျွန်တော်တို့ ရခိုင်ပြည်သူ အများစုသည် မိမိဒေသ၌မိဘ ဘိုးဘွားများနှင့် ဥမကွဲ သိုက်မပျက် အတူတကွ နေ ထိုင်လာမှု့ ကိုမြတ်နိုးတန်ဖိုး ထားသောလူမျိုး ဖြစ်ပါသည်။
၁၉၈၈-ခုနောက်ပိုင်းတွင် မိမိတို့ ၏ မိဘ ဘိုးဘွား အိုးအိမ်နှင့် ဒေသများကိုစွန့် ခွါပြီး ကချင်ပြည်နယ်ရန်ကုန် တိုင်း ဒေသကြီး ထိုင်းနိုင်ငံ မလေးရှားနိုင်ငံစသော ပြည်ပနိုင်ငံ များသို့ တရွေ့ ရွေ့ ပြောင်းရွှေ့ သွားရောက် လုပ်ကိုင်စားသောက်နေကြရပါသည်။ပြည်ပ နိုင်ငံ များတွင် လုပ်ကိုင်စားသောက်နေကြရသည်မှာ ဘ၀လုံခြုံမှု့ မရှိသော အခြေအနေတရပ်အဖြစ်အားလုံးသိရှိပြီးဖြစ်ပါသည်။ သို့ ပါသော်လည်း မိမိဒေသ၌ သက်မွေးဝမ်း ကြောင်းလုပ်ကိုင်စားသောက်ရန် အလုပ်အကိုင် အခွင့်အလမ်း တစ်စုံတစ်ရာမရှိခြင်းကြောင့်မိမိဒေသ မိမိပြည် နယ်ကို ချစ်လျှက်နှင့်စွန့် ခွါနေကြရသည်မှာ ပကတိအခြေတစ်ရပ်ပင်ဖြစ်သည်။


အထက်ပါအခြေအနေ အရပ်ရပ်များအပေါ်တွင် အခြေခံပြီး ကျွန်တော်တို့ လေ့လာဆန်းစစ်တွေ့ ရှိမိသည်မှာ တိုင်းပြည်တစ်ပြည်၏ ဖွံဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်း အင်သည် မဖြစ်မနေ လိုအပ်သည်ဟု ယုံကြည်မိကြပါသည်။ ယခုအခါ ပြည်ပနိုင်ငံ အချို့ မှ ရင်းနှီြး့မုတ်နှံမှု့ ဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ နယ်ရှိ ရွှေသဘာဝဓါတ်ငွေ့ စွမ်းအင်ကို ထုတ်လုပ်ရောင်းချပြီး တရုတ်ပြည်သို့ သယ်ယူနိုင်ရန်အတွက် ဓါတ်ငွေ့ ပိုက်လိုင်းများ ဖေါက်လုပ်ရန်အတွက် အစီအစဉ်များ ပြုလုပ်နေကြောင်း နိုင်ငံ ပိုင် ရေဒီယို ရုပ်မြင်သံကြား သတင်းစာနှင့် ပုဂ္ဂလိကဂျာနယ် တချို့ မှရေးသားထုတ်လွှင့်နေသည်ကို ဖတ်ရှု သိ ရှိရပါသည်။ ၄င်းရွှေသဘာဝဓါတ်ငွေ့ စွမ်းအင်မှ ရရှိသော စွမ်းအင်အချို့ နှင့် အကျိုးအမြတ်တစ်ချို့ ကို ရခိုင် ပြည်နယ်ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ဈေးနှုံးသက်သာစွာဖြင့် လျှပ်စစ်စွမ်းအင်သုံးစွဲခွင့်ကို ရခိုင်ပြည်သူများ ခံ စားရရှိနိုင်ရန် ပြည်နယ် အစိုးရမှလုပ်ဆောင်အကောင်အထည်ဖေါ်ပေးနိုင်လိမ့်မည်ဟု ကျွန်တော်တို့ အနေဖြင့် ယုံကြည်မိပါသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ တဆင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတထံသို့ လည်းကောင်း ပြည်ထောင်စု အစိုးရ၀န်ကြီးအဖွဲ့ ထံသို့ လည်းကောင်း ထပ်ဆင့် တင်ပြပေးနိုင်ရန် ညှိနှိုင်း သော အားဖြင့် ဤအိတ်ဖွင့်ပေးစာကို ပေးပို့ အပ်ပါသည်။

လေးစားစွာဖြင့်
ရက္ခအလင်းတန်းလူငယ်အဖွဲ့ (ပြည်တွင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF