ဘုံဘာသာစကား ပေါ်ပေါက်ရေး

လူမျိုးတစ်မျိုး တည်တံ့ခိုင်မြဲရန်အတွက် ဘာသာစကားနန့်စာပီသည် မဟိမဖြစ်အရေးကြီးပါသည်။ တခြားသောလူမျိုးများအတွက်လား သာမာန်မျှသာ ဖြစ်နိုင်သော်လေ့
အကျွန်ရို့ ရခိုင်လူမျိုးတိ အဖို့၌ အလွန်တရာ အရေးကြီးပါသည်။ဇာကြောင့်ဆိုသော် အကျွန်ရို့၏ ဘာသာစကားနန့်စာပီသည် အကျွန်ရို့ကို ဒုက္ခပီးနီသော(သို့မဟုတ်) အကျွန်ရို့ကို လူမျိုးဖျောက်ဖို့ကြိုးစားနီသော လူမျိုးတစ်မျိုး၏ ဘာသာစကားစာပီနန့် အတိုင်းထက်အလွန် တူညီနီသောကြောင့် ဖြစ်ပါသည်။ သမိုင်းဖြစ်စဉ်အရ ရခိုင်သည် ဗမာထက်
ရာစုနှစ်ပေါင်းများစွာ ရှီးကျသည်မှန်သော်လေ့ အေနိရခိုင်လူမျိုးရို့၏ဘဝကား 
ဗမာလူမျိုးကြီးဝါဒအောက်မာ မထင်မရှားလူမျိုးစုချေတစ်ခုအဖြစ်နန့် အားမာန် အစွမ်းသတ္တိတိ
ငုပ်လျှိုးနီစွာကိုကား ရခိုင်သူရခိုင်သားအားလုံးအသိပင် ဖြစ်ပါသည်။
 
အလွန်တရာရှီးကျသောရခိုင်စာပီသည်လေ့ ဗမာလူမျိုးရို့၏ မူပိုင်စာပီလုပ်ခြင်းကို ခံနီရပါသည်။
ရှီးရှီးခေတ်ကရခိုင်စာဆိုသျှင်ရို့ ရီးစပ်ထားခကတ်သောရခိုင်စာပီသည် ရခိုင်လူမျိုးရို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်မှန်သော်လေ့ ဗမာလူမျိုးရို့၏ ဗမာပညာရေးစနစ်အောက်၌ ဗမာစာ
ပီအဖြစ် သိမ်းသွင်းခြင်းကိုခံနီရခြင်းမာ အထူးဝမ်းနည်းဖို့ကောင်းပါသည်။(ရခိုင်နန့်ဗမာစာ ကွဲကွဲပြားပြားမဟိခဘဲ   စာပီသုံးစွဲမှု  ဆင်တူနီခကတ်ခြင်း၏ အကျိုးဆက်ပင် ဖြစ်ပါ
သည်။)  ရခိုင်စာပီသုတေသီတချို့၏ကြိုးပမ်းမှုကြောင့် တချို့သော ရှီးရခိုင်စာပီတိကို ဖော်ထုတ်နိုင်ခကေလေ့စာဆိုသျှင်ရို့၏ မူရင်းအရီးအသားအတိုင်  ပြန်ရသောစာပီကား
 ကောင်းကောင်းယှားပါးပါသည်။မည်သို့ပင်ဖြစ်စီ ရခိုင်လူမျိုးသမိုင်းသစ်၊ ရခိုင်စာပီယဉ်ကျေးမှုသမိုင်းသစ်ကို အကောင်းဆုံးဖြစ်အောင်ပြန်လည်တည်ဆောက် ကတ်ရပါမည်။
        မျက်မှောက်ခေတ်ကာလ၌ ရခိုင်မျိုးချစ်တချို့က ရခိုင်စာပီတိုးတက်ရေးကို အသဲအသန်ကြိုးပမ်းလုပ်ဆောင်နီကတ်ပါသည်။ တချို့မာကား အမင်ဘာသာရခိုင်စာပီကို
မျက်ကွယ်ပြုကာ အောက်သားစာပီကို ဖထွီးစာပီအမှတ်နန့် ရီးစပ်နီကတ်သည်မာ စာပီပိုင်သျှင်ဖြစ်သော အောက်သားတိထက်ပင် တော်ကတ်တတ်ကတ်ပါသည်။  ပို၍ဆိုး
သည်မာ အောက်သားစာပီတိုးတက်ရေးကို လုပ်ဆောင်ရုံနန့် မကျီနပ်သီးဘဲ ရခိုင်စာပီတိုးတက်ရေးကို ဆန့်ကျင် နှောင့်ယှက်နီခြင်းပင်ဖြစ်ပါသည်။ဤသို့ ပြုလုပ်ခြင်းသည်
ရခိုင်ထမင်းကိုစားသော ရခိုင်သားက ရခိုင်ပြည်ကို ပုန်ကန်ခြင်းဖြစ်ပြီး ပုန်ကန်မှုတိထဲတွင် အဆိုးဆုံးဟုဆိုချင်ပါသည်။
          ရှီးတော်ဝင်ဘုရင်ခေတ်အဆက်ဆက်က ရခိုင်နန့် အောက်သားရို့သည် စာပီရီးသားမှု တူညီခသည်မှန်သော်လေ့ တစ်လုံးတစ်ပါဒမလွဲ လုံးဝတူညီခြင်းကားမဟုတ်ပါ။
မျက်မှောက်ခေတ်မြန်မာစာထဲတွင် ရခိုင်ဝေါဟာရများပါဝင်သည်မာလေ့ အမှန်ပင်ဖြစ်ပါသည်။ ယင်းအချက်ကိုထောက်၍ မြန်မာစာကိုရခိုင်စာဟု အသျှင်ခံလျှင် မှားလားနိုင်
ပါသည်။အောက်သားများသည် မြန်မာစာအဆင့်အတန်းမြင့်စီရန်အတွက် ရှီးခေတ်အောက်သားစာပီနန့် မျက်မှောက်ခေတ်အောက်သားစကားပေါင်းစပ်မှုတွင် ရခိုင်ဝေါဟာ
ရများကို မွီးစပ်(ခိုးယူ)၍ ထည့်သွင်းလိုက်ခြင်းဖြစ်ပါသည်။အကျွန်ရို့ရခိုင်လူမျိုးများတွင်လေ့ ရှီးခေတ်ရခိုင်စာပီနန့် မျက်မှောက်ခေတ်ရခိုင်စကားတိကို ပေါင်းစပ်ကာ ရခိုင်စာပီ
စံအရီးအသားတရပ် ကို ပြန်လည်တည်ဆောက်ကတ်ရပါမည်။
           မျက်မှောက်ခေတ်ကာလတွင် ရခိုင်စာပီအော်သံများကြားလာရသည်မာ ထူးမြတ်သောမင်္ဂလာပင်ဖြစ်ပါသည်။ အတိတ်သမိုင်းကို ခြီရာကောက်ကြည့်လျှင် ဝမ်းနည်း
ပက်လက် ဖြစ်ရသော်လေ့ သင်ခန်းစာယူကာ အားမွီးတတ်ဖို့လိုပါသည်။ယင်းကြောင့် ရခိုင်စာပီရီးသားရာ၌ မည်သို့ပင်ရီးရီး အောက်သားစာနန့် မတူလျှင်ပြီးဗျာလ်ဟုဆိုကာ
ဦးတည်ရာမဟိဘဲရီးသားခြင်းကို ယှောင်သင့်ပါသည်။ ဤသို့ မဟုတ်ဆိုပါက အပါး၌ဟိသော ရခိုင်စာပီပန်းတိုင်သည် အဝီးဆုံးသို့ရောက်လားနိုင်ပါသည်။ရှီးဂန္ထဝင်ရခိုင်စာပီ
သည် အရီးအသားအမျိုးမျိုးကွဲပြားခြင်းမဟိဘဲ တစ်မျိုးတည်းရာဟိခကြောင်းကိုလေ့ သတိချပ်ဖို့လိုပါသည်။
           ရခိုင်စာပီတိုးတက်စီရန်အတွက် ရခိုင်လူမျိုးတိုင်း ရခိုင်ခြင်းနန့် ရီးသားဖို့လိုအပ်တေပိုင်  ယင်းရီးသားကတ်သော ရခိုင်အရီးအသားများ၏ အဓိကပန်းတိုင်ဖြစ်သော
စံရခိုင်စာပီတရပ်ပေါ်ပေါက်ရေးမာလေ့ ပို၍ ပို၍ အရေးကြီးပါသည်။အဓိကအရေးကြီးသော အချက်မာစည်းရုံးရေးပင်ဖြစ်ပါသည်။ မညသည့်သူကမည်သည်ပိုင်ရီးပတ်စီ
ကိုယ်ကလေ့ ကိုယ်ရီးချင်ပိုင်ရီးမေဟု သဘောထားခြင်းမာ ကောင်းသောလုပ်ရပ်မဟုတ်ပါ။မျက်မှောက်ခေတ်ရခိုင်လူမျိုးရို့၏ ရခိုင်စာပီရီးသားပုံအရဆိုလျှင် နောက်မကြာ
ခင်မာ ရခိုင်စာပီအမျိုးအစားပေါင်းထောင်နန့် ချီ၍ဖြစ်လာနိုင်ပါသည်။ဇာကြောင့်ဆိုသော် အေနိရခိုင်လူမျိုးရို့သည် မိမိရို့ပါးစပ်(ပဇ)က ပြောသောစကားလုံးဟူသမျှကို
ရခိုင်စကားဟု ခြွင်းချက်မဟိ ယုံကြည်လာကတ်သောကြောင့်ဖြစ်သည်။ယင်းယုံကြည်သောစကားကို စာအဖြစ်ချရီးသောအခါ ရခိုင်စာဟု ကင်းပွန်းတပ်လာကတ်ပါသည်။
ဤကားရခိုင်စာပီတိုးတက်ရေး၏ အနှောင့်အယှက်အတားအဆီးပင်ဖြစ်ပါသည်။
           အမှန်မာ တစ်ခုတည်းသော ရခိုင်လူမျိုးအတွက် တစ်မျိုးတည်းသောစာပီပေါ်ပေါက်ရေးကရာ အဓိကလိုအပ်ပါသည်။ ဤလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရခိုင်
လူမျိုးတိုင်း မိမိရို့  ပြောဆိုသောစကားများကို  ရခိုင်စကားဟု မျက်စိစုံနှိတ်ကာ မယုံကြည်ဘဲ 
မည်သို့မည်ပုံ ပြောဆိုရမည်ကို ဆင်ခြင်သုံးသပ်ဖို့လိုအပ်ပါသည်။ဇာကြောင့်
ဆိုသော် နီရာတိုင်း ဒေသတိုင်း ရခိုင်တိုင်းပါးစပ်(ပဇ)၌ အောက်သားဝေါဟာရများ လွှမ်းမိုးထားသောကြောင့် ဖြစ်ပါသည်။
 
တချို့ဒေသများ၌ အောက်သားဝေါဟာရအများအပြားကို ယူငင်ပြောဆိုမှုများဟိရေပိုင် တချို့ဒေသများတွင် အောက်သားဝေါဟာရလွှမ်းမိုးမှု တစိတပွေလောက်ဟိပါသည်။ဥပမာတစ်ခုပြရပါလျှင် 'ရခိုင်လို' မှ 'လို' သည် အောက်သားအသုံးအနှုန်းဖြစ်၍ ရခိုင်လူမျိုးများခိုးယူသုံးစွဲထားခြင်းဖြစ်ပါသည်။ယင်းအစား'ရခိုင်ပိုင်' ဟုပြောပါမှ ရခိုင်စကားပီသပါမည်။ တချို့ဒေသများမှ ရခိုင်လူမျိုးများ
ပြောဆိုသော ရခိုင်စကားများမာ ရခိုင်စကားအစစ်ဖြစ်သော်လေ့ ဘုံရခိုင်စကားအဖြစ်သတ်မှတ်ရန်အတွက်စံချိန်စံနှုန်း မပြည့်ဝကြောင်းတွိရပါသည်။'ရွာ' ကို 'ဝါ' ဟုပြော
ခြင်းနန့် 'ပြော'ကို 'ပွား' ဟု ပြောခြင်းများသည် ဒေသိယရခိုင်စကားများဖြစ်သော်လေ့ ဘုံရခိုင်စကားအဖြစ် ရခိုင်လူမျိုးရို့ လက်ခံနိုင်ကတ်ဖို့ မဟုတ်ပါ။ သို့သော်လေ့ ဤစကား
များမာ အောက်သားစကားကို ခိုးယူပြောဆိုမှုများနန့်စာပါက အဖိုးတန်သော ရခိုင်စကားများပင်ဖြစ်ပါသည်။
           ရခိုင်စကားတိမပျောက်ခင်မာ ရခိုင်စကား၏ တန်ဖိုးကို သိဖို့လိုအပ်ပါသည်။ ဘာသာစကားနန့်စာပီ ပျောက်လားပါက လူမျိုးပျောက်လားခြင်းနန့် အတူတူပင်ဖြစ်ပါသည်။
ရီမဟိသောအရပ်၌ ရီ၏တန်ဖိုးကို သိရေပိုင် ဘာသာစကားပျောက်ဆုံးလားခါမှ ဘာသာစကား၏တန်ဖိုးကို သိလာမည်ဆိုပါက ဖြီမပြီနိုင်သော နောင်တတရားရာ အဖတ်တင်ပါမည်။ဗမာစာပီကို ကိုယ့်စာပီအဖြစ်သုံးစွဲ ခြင်းထက် အမျိုးမျိုးကွဲပြားသော ရခိုင်အရီးအသားများကိုသုံးစွဲခြင်းက ပိုကောင်းပါသည်။
 
ယင်းထက် တစ်ခုတည်းသော ဘုံရခိုင်စကားကိုသုံးစွဲခြင်းက အလွန်တရာကောင်းပါသည်။ ရခိုင်ရိုးမမဂ္ဂဇင်းမထုတ်ခင် ဆရာမောင်ဗသိန်းက ဆရာမောင်စံဖော် အား ရခိုင်ရိုးမမဂ္ဂဇင်း၏ စာလုံးပေါင်းသတ်ပုံများကို ဆရာမောင်စံဖော်၏မူအတိုင်း ရီးကတ်ရန် အကြံပြုခဖူးပါသည်။ 
သို့သော်ဆရာမောင်စံဖော်က သဘောထားကြီးစွာဖြင့် ' ကိုယ်ရီးချင်ပိုင် ရီးကတ်ပတ်စီ ရခိုင်အရီးအသား
ဖြစ်ကေကျီဗျာလ် နောက်ခါ တဆတ်ဆတ် နန့် စာလုံးပေါင်း တူညီလာလိမ့်မေ' ဆိုပြီး ရွှတ်ပီးခသောကြောင့် အေနိခေတ်တွင် စာလုံးပေါင်းသတ်ပုံအမျိုးမျိုးကွဲလာရပါသည်။
ယင်းအချိန်ကသာ ဆရာမောင်စံဖော် က သူ့မူအတိုင်းရီးသားရန် လက်ခံခပါက အဂုအချိန်တွင် ရခိုင်စာပီ အရီးအသားတည်မြဲကောင်းတည်မြဲ နီပါမည်။
            ဆရာမောင်စံဖော်အရီးအသားတွင် ဗမာအသုံးအနှုန်းလုံးဝမပါလား ဟု မီးခွန်းများထွက်လာနိုင်ပါသည်။ ဗမာစကားအသုံးအနှုန်းများပါနိုင်သော်လေ့ ဘုံရခိုင်စာပီ
ပေါ်ပေါက်ရေးအတွက် တစိတပွေလောက် အသုံးအနှုန်းကို ခိုးယူသုံးစွဲသင့်က သုံးစွဲသင့်ပါသည်။(မြောက်ဦးမြို့နယ်က ရွာတစ်ရွာမာ ကျောင်းထိုင်ဆရာတော်စွာ ဆွမ်းကို
ဒုံနန့်ပို့ကေ မသုံးဆောင်ပါ။ ဆွမ်းအုဋ်နန့်ပို့မှ သုံးဆောင်ပါရေ။အစခါဆရာတော်ကို ဝေဖန်စွာတိဟိခကတ်ကေလေ့ အဂုအချိန်မာ ယင်းရွာစွာ ဆရာတော်၏ ကျေးဇူးကြောင့်
ယဉ်ကျေးမှုကိုထိန်းသိမ်းရေ သမိုင်းဝင်ရွာဖြစ်လာပါရေ။)
             တချို့အမြင်၌ ဘုံရခိုင်စာပီပေါ်ပေါက်ရေးသည် ရခိုင်အစိုးရနန့် သက်ဆိုင်သည်ဟု ဆိုပါသည်။ ဤသို့ရှုမြင်ခြင်းမာ မှန်ကန်သော်လေ့ ရခိုင်အစိုးရပေါ်လာမည်ကို
ထိုင်၍စောင့်နီလို့ကားမဖြစ်ပါ။မည်သည့်လုပ်ငန်းမဆို အများနန့်သက်ဆိုင်ပါက စည်းရုံးမှုဟိဖို့လိုအပ်ကြောင်းကိုလေ့ သတိချပ်သင့်ပါသည်။ရခိုင်လူမျိုးအတွက်ရခိုင်စာပီရွှီးသားရာတွင် မိမိအတ္တများကို ထည့်သွင်းရီးသားပါက ယင်းရခိုင်စာပီသည် ရခိုင်လူမျိုးအတွက်အကျိုးမဖြစ်ဘဲ မိမိတစ်ယောက်တည်း ကိုယ်ကျိုးအတွက်ဖြစ်လားပါမည်။
 
 ရခိုင်စာပီတိုးတက်ရေးအတွက် အထောက်အပံ့မဖြစ်ဘဲ အနှောင့်အယှက် ဖြစ်လားလျှင်ကား ပို၍ပင် ဆိုးရွားလားပါမည်။လားယင်းနန့် ခရီးမရောက်ဘဲ ရခိုင်စာပီရီးယင်းနန့်
အောက်သားစာပီပါးသို့ ပြန်၍ရောက်လားနိုင်ပါသည်။
              ရခိုင်တေးခြင်းများပေါ်စက ရခိုင်အဆိုတော်များ၏ ရခိုင်စကားအသုံးအနှုန်းများမာ တစ်ယောက်နန့်တစ်ယောက် အနီးစပ်ဆုံးတူညီမှုကိုရခကတ်ပါသည်။ ဇာကြောင့်
ဆိုသော် ဘုံရခိုင်စကားကို ဦးတည်၍ ကြိုးစားသီဆိုခကတ်သောကြောင့်ဖြစ်ပါသည်။ရခိုင်ဘုရင်ရို့ ထီးနန်းစိုက်ခကတ်သော မြောက်ဦးမြို့နယ်မှ အဆိုတော် ကိုမြတ်ခိုင်ကျော်
သည်ပင်လျှင် ရခိုင်စကားမပီလတ်မည်ကို ကြောက်၍ သူ၏သူ့အကြောင်းတေးခြင်းစာအုပ်၌ ရခိုင်စကားမပီပါက နားလည်ခွင့်လွတ်ဖို့ တောင်းပန်ဖူးပါသည်။
 
မြောက်ဦးသားတစ်ယောက်က ရခိုင်စကားမပီမည်ကိုကြောက်သည်မာ စဉ်းစားသင့်သော အချက်ပင်ဖြစ်ပါသည်။တောင်ဂုတ်မြို့နယ်သားများဖြစ်သော ကိုဝင်းကိုခိုင်နန့် ကိုစံမော်သိန်း
ရို့သည်လေ့ တေးခြင်းဆိုသောအခါ တောင်ဂုတ်ရခိုင်လီသံနန့် မဆိုကတ်ပါ။ အဖြေကယှင်းပါသည်။ဘုံရခိုင်စကား ဘုံရခိုင်စာပေါ်ပေါက်ရေးကို ဦးတည်ကတ်ခြင်းပင်ဖြစ်ပါ
သည်။ကိုဇော်မင်းထွန်းနန့် မိန်းမြန်းခန်းတစ်ခု၌ ကိုဇော်မင်းထွန်းက သူတေးခြင်းမဆိုခြင်းမာ ရခိုင်စကားမပီသောကြောင့်ဟု ဖြေထားပါသည်။ အဂုသူ တေးခြင်းဆိုနီပါသည်။                        
 
အဂုအချိန်တွင်ကိုဇော်မင်းထွန်းအနီနန့် ရခိုင်စကား ပီသည် မပီသည်ကို  အတိအကျမသိရသော်လေ့  လက်ဟိရခိုင် အဆိုတော်များထဲတွင်ကား သူ့လောက်ရခိုင်စကား
မပီသောသူတိ မကန်ဟိပါသည်။ 
              ဘုံရခိုင်စာပီ ဘုံရခိုင်စကားပေါ်ပေါက်ရေးအတွက် ရခိုင်အဆိုတော်တိ၊ ရခိုင်ဗီဒီယိုလောကသားတိနန့် ရခိုင်စာပီသမားတိမာ အများကြီးတာဝန်ဟိပါသည်။ ရခိုင်စာပီ
ပညာသင်ကျောင်းတိမဟိသီးသောအဂုသောအချိန်တွင် ယင်းတာဝန်သည် ထိုပုဂ္ဂိုလ်ရို့ဂေါင်းထက် ပခုံးထက်တွင်ဟိပါသည်။အေနိရခိုင်စာပီရီးသားနီသော အကျွန်သည်ပင်လျှင်
ရခိုင်စာပီအရီးအသားကို ရခိုင်တေးခြင်းစာအုပ်များမှ အစပြုသင်ယူခရပါသည်။ မှန်ကန်သောရခိုင်စာပီများကိုဖတ်လာရသောချိန်တွင်ကား ရခိုင်တေးခြင်းစာအုပ်များ၏ ရခိုင်
ဘာသာစကားမှားယွင်းမှုများကို သိလာရပါသည်။ယင်းကြောင့် ရခိုင်စာပီအနုပညာသျှင်များသည် ရခိုင်စာသင်ပြသူဆရာများအဖြစ်သို့ အလိုအလျာက် ရောက်ဟိနီကတ်ပါသည်။
               မျက်မှောက်ခေတ်တွင် ရခိုင်လူမျိုးတချို့၏ လက်ကမြင်း ပဇကမြင်းကတ်မှုများသည် ရခိုင်ဘာသာစကားအနာဂတ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီးဖြစ်ပါသည်။
ဘာသာစကားစိမ့်ဝင်မှုသည် ပဇနန့်လက်ကမြင်းကတ်ခြင်းမှစတင်ပါသည်။လက်ဟိကာလ ရခိုင်လူမျိုးရို့ အသုံးများလာသော နိရဉ္စရာ ကို နရိန်စရာ ဟုဖတ်ခြင်း၊ ဂီတပဉ္စ ကို ဂီတပျိန်စ
ဟု ဖတ်ခြင်းများကို ဆင်ခြင်သုံးသပ်ဖို့လိုပါသည်။ စွာ ကို စော် ဟုဖတ်ခြင်းရီးခြင်းကိုလေ့ အမှားအမှန်ဆန်းစစ်ဖို့ လိုအပ်ပါသည်။
                ဇာမဟုတ်သော မျိုးခြားဘာသာစကားတိကိုတောင်မှ မပီပီအောင် ကြိုးစားသင်ယူနီကတ်ရသောခေတ်မာ ရခိုင်စကားပီသရန်အတွက် အတ္တကင်းရေအမျိုးချစ်ခြင်း
ကရာ အဓိကကျပါသည်။ ခက်သည်ကား မဟုတ်ပါ။ ခက်သည်ဆိုလျှင်လေ့ မျိုးခြားဘာသာစကားများလောက်ကား ခက်မည်မဟုတ်ပါ ။ရခိုင်ဘာသာစကားတိုးတက် ရှင်သန်စီရန်အတွက် ရခိုင်အဆိုတော်၊ ရခိုင်ဗီဒီယို သရုပ်ဆောင်၊ရခိုင်မဂ္ဂဇိန်းဂျာနယ်၊ရခိုင်သတင်းစာနန့်ရခိုင်သတင်းဌာနရို့သည် ရခိုင်ဘာသာစကားကိုတွင်ကျယ်စွာအသုံးပြုဖို့လိုအပ်ပါသည်။    
                နိဂုံးအနိန်နန့် ရခိုင်လူမျိုးရို့ ပဇက်တိသည် ရခိုင်စကားအစစ်အမှန်ကိုပြောကာ ရခိုင်လူမျိုးရို့လက်တိသည်လေ့ ရခိုင်စကားအစစ်အမှန်ကို အဓိကထား ရွီးသားခြင်းဖြင့်
အတ္တကင်းသော အမျိုးချစ်ခြင်းကိုဖော်ပြနိုင်ကတ်ပါစီလို့ ဆုတောင်းလိုက်ပါသည်။


                                                                     ခိုင်မင်းဇံ(ရခိုင်ပြည်)
Print Friendly and PDFPrintPrint Friendly and PDFPDF