ဒေါက်တာအေးကျော်တက္ကသိုလ်လို့ အမည်ပီးသင့်

၂၀၁၃-ခုနှစ်မှာ ရခိုင်ပြည် တောင်ကုတ်မြို့ သား ဦးကျောက်တောင်က မြီနေရာဝယ်ပနာ တက္ကသိုလ်ကျောင်းတခုဖြစ်အောင် ဆောက်ပါဖို့ လို့  သိရပါရေ ။ ဦးကျောက်တောင်မှာ -၈၈-ခုနှစ်အရီးအခင်းမှာ တောင်ကုတ်မြို့  သပိတ်ကော်မီတီ ဥက္ကဋ္ဌ လုပ်ခရေအတွက် စစ်တပ်က အာဏာသိမ်းရေအခါ စစ်တွေမြို့ က သပိတ်ကော်မီတီ ဥက္ကဋ္ဌ ဆရာဦးအေးကျော် ။ ဦးဦးလှစော ( ကဗျာဆရာ မောင်ခိုင်အောင် - ) ရတ ပါတီအတွင်းရီးမှူး ရို့ နင့် အတူတူ ထောင် -၁၄-နှစ်ကျခံခရရေ လူဖြိုက်ပါရေ ။ဦးကျောက်တောင်က တောင်ကုတ်မြို့ မှာ တက္ကသိုလ်ကျောင်းကို ဖွင့်လှစ်နိုင်ဖို့ အတွက် လုပ်နီစော်ကို ကြားရလို့  ရခိုင်ပြည်သူတိ ကောင်းကောင်းကြီး ၀မ်းသာအားရဖြိုက်ကတ်ပါရေ ။
အခုဆိုကေ ရခိုင်ပြည်မှာ ကွန်ပြူတာတက္ကသိုလ် ( စစ်တွေ ) ။ အစိုးရနည်းပညာ ကောလိပ် ( စစ်တွေ ) ။ နည်းပညာတက္ကသိုလ် ( သံတွဲ ) ၊ ကျောက်ဖြူ ပညာရီးကောလိပ် ဆိုပနာ ဖွင့်လှစ်ထားပါရေ ။ ရခိုင်ပြည်မှာ ပညာရီးချွတ်ချုံကျလွန်းအားကြီးလို့  အဆင့်မြင့်ပညာရီးကို လူတထောင်မှာ-၄-ယောက်လောက်ရာ သင်နိုင်ဗြီးကေ မူလတန်းအဆင့်လောက်ကို -၆၀- ရာခိုင်နုံးနင့် အလယ်တန်းအဆင့်ကို -၃၀-ရာခိုင်နုံးရာ သင်နိုင်ကတ်ပါရေလတ်ထော။ ဒေလောက် ပညာရီးစနစ် ညံ့ဖျင်းစော်ကြားထဲမှာ အယင်ကဆိုကေ ပိုလို့ တောင် ဆိုးဝါးနီစော်ပါရာဒေ ။ ယေကေလေးသွင့် ယင်းပိုင်ပညာရီးစနစ် ညံ့ဖျင်းနီစော်ကြားက တောင်ကုတ်မြို့ နယ်သား တယောက်ဖြိုက်တေ ဒေါက်တာအေးကျော်မှာ ပရော်ဖက်ဆာ တယောက်ဖြိုက်ခဗြီးကေ လွန်ခရေ ၂၀၁၂-ခုနှစ် ဇန္န၀ါရီလ-၁၉-ရက်နိက အမေရိကပြည်ထောင်စု-နယူေးယာက်မြို့ မှာ ဘ၀တပါးပြောင်းလဲလားခရပါဗျန် ။ ဆရာအေးကျော်မှာ မကွယ်လွန်ခင် အရိုးပြာကို မိမိဇါတိ တောင်ကုတ်မြို့ နယ် ကိုယ့်ရွာသင်္ချိုင်းမှာ ဂူတလုံးဆောက်ပနာ သဂြိုလ်လီလို့  မှာထားခပါရေယေ ။ တောင်ကုတ်မြို့ နယ်ကို ကိုယ်စားပြုခရေသမိုင်းပညာရှင် ဒေါက်တာအေးကျော်ကို ဂုဏ်ပြုရေ အနီနင့် မြီနီရာဝယ်ပနာ တက္ကသိုလ်ကျောင်းဆောက်နီရေ ဦးကျောက်တောင်နင့် တိုင်ပင်ပနာ ယင်းတက္ကသိုလ်ကျောင်းကို ဒေါက်တာအေးကျော် တက္ကသိုလ် လို့  နာမည်ပီးကေ ကောင်းဖို့ လို့  ထင်ပါရေ ဒေ။ ဇါဖြိုက်လို့ ဆိုကေ ဒေပိုင် ရခိုင်ပြည် တောပိုင်းတနီရာက ပညာရှင်တယောက်ဖြိုက်လာရေ ဆရာအေးကျော်ကို ဂုဏ်ပြုရေပိုင် အရာလေးသွင့် ခေတ်ပညာတတ်ကလေချေတိ ပေါ်ပေါက်လာဖို့ အတွက် အားကျကတ်ရအောင် ဂုဏ်ပြုပီးကတ်ရဖို့  မဟုတ်ပါလားယေ ။

ယေဇူးနင့် ဒေပိုင် ဂုဏ်ပြု နာမည်ပီးကတ်ဖို့ စော်ကို ရခိုင်တိုင်းရင်းသားတိုးတက်ရိးပါတီက ဦးဆောင်ပနာ လုပ်ကတ်ကေ ကောင်းဖို့  ထင်ပါရေ ထောလို့  သမိုင်းသုတေသီတိက အကြံပီးနီကတ်ပါရေ ဒေ။ အောင်ဆန်းမြို့ ကို မယားဖြိုက်သူ ဒေါ်ခင်ကြည်က ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုပနာ ဖွင့ှ်ပီးခလို့  အင်းစိန်နားက အောင်ဆန်းမြို့  ဟိရေပိုင် အာဇါနည် -စပ်စံထွန်းကို ဂုဏ်ပြုရေအတွက် စပ်စံထွန်းဆီးရုံဆိုစော်ကလေးသွင့် တောင်ကြီးမြို့ မှာ ဟိပါရေ ၀ါ ။
Print Friendly and PDFPrintPrint Friendly and PDFPDF