အတိတ်သမိုင်းက ခွဲထွက်ပနာ သို့ မဟုတ် ပစ္စုပန်မှာ မညီညွတ်ဆုံးသော ရခိုင်နိုင်ငံရေး ၀န်းကျင်က မုန်တိုင်းများ

အတိတ်သမိုင်းက ခွဲထွက်ပနာ သို့ မဟုတ် ပစ္စုပန်မှာ မညီညွတ်ဆုံးသော ရခိုင်နိုင်ငံရေးဝန်းကျင်က မုန်တိုင်းများ
             သမတ ဦးသိန်းစိန် အစိုးရက  အပစ်အခတ်ရပ်စဲရေးအတွက် နယ်စပ်ဒေသမှာ ဟိရေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တိနင့် ဆွီးနွီးနိန်စွာ ဟိပါရေ ။ နောက်-၃-လ အတွင်းမှာ ယင်းဆွီးနွီးပွဲတိ ပြီးဆုံး လားဖို့ ဗျန်လို့  ပြောလာပါဗျန်ထော ။ ကချင်ဖက် ကရင်ဖက် ရှမ်းဖက်မှာတော့ခါ ဆွီးနွီးနီကေလေးသွင့် တိုက်ပွဲကတော့ခါ ဟိနီတုံးပါသိ ။ ယင်းပိုင် ဖြိုက်နီစော်တိကြားထဲမှာ ရခိုင်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ တိနင့် အပစ်အခတ် ဆွီးနွီးပွဲတိလေးသွင့် ဖိတ်ခေါ်နီရေ ဆိုပနာ ပြောသံတိ ကြားလာရပါယင့် ။  ရထားဝန်ကြီး အောင်မင်းက တရားဝင်ဖိတ်ခေါ်စော်ကို မီဒီယာတိမှာ တွိရစော်က ရခိုင်လွပ်မြောက်ရေးပါတီ ( ALP ) ၊ ရခိုင်ပြည်သူ့ ညီညွတ်ရေးပါတီ ( NUPA ) လို့  သိရပါရေထော ။ ရခိုင်ပြည် ဒီမိုကရက်ပါတီ ( DPA ) ကိုတော့ခါ မီဒီယာတိ ပြည်တွင်းထုတ် သတင်းစာတိမှာ ဖေါ်ပြထားစော် မတွိရပါသိ။ ယေကေလေးသွင့် ရခိုင့်အသံ DVB အင်တာဗျူး
လုပ်စော်မှာတော့ခါ သူရို့ ပါတီကိုလေးသွင့် တွိဆုံဆွီးနွီးဖို့ ခေါ်ရေလို့  အတွင်းရေးမှူး တယောက်က ပြောလားစော်ကို ကြားရပါရေ ။
        ဒေအဖွဲ့ သုံးဖွဲ့ စလုံးမှာ သမတဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးတာဝန်ခံ ရထားဝန်ကြီး ဦးအောင်မင်းက တွိဆုံဖို့ စော်မှာ ဒေသုံးဖွဲ့ က ပြောဆိုနီစော်နင့် သူရို့ ရပ်တည်နီစော် နိုင်ငံရေး ခံယူချက်တိ သဘောတရားတိကို သတိထားကြည့်ကတ်ရပါဖို့ ဗျန်ကာ ။ ရခိုင်ပြည်လွပ်မြောက်ရေးပါတီ ( ALP ) ကတော့ခါ ဥက္ကဋ္ဌ၏ ပြောဆိုထားရေအတိုင်းဆိုကေ လွပ်လွပ်ရေးမှတပါ အခြား မဟိလို့  ပြောထားပနာ ရခိုင်နိုင်ငံလွပ်လွပ်ရေးကို လိုချင်ရေလို့  ထုတ်ဖေါ်ကြီညာထားစော် အင်တာဗျူးတိ ဟိပါရေထော ။  ဒေပိုင်အတိုင်းဆိုကေ ရခိုင်ပြည်လွပ်မြောက်ရေးပါတီနင့်
့ တွိဆုံဆွီးနွီးရေး ဆိုစော် လမ်းတပိုင်းမှာလောက်ပင် ပြီးလားလီဖို့ စော်လို့  ခန့် မှန်းရပါရေ ။ ဇါဖြိုက်လို့ ဆိုကေ နှစ်ဖက်စလုံးက အခြီအနိန်တိက ရှင်းနီစော်ပါရာ ။ သမတဦးသိန်းစိန်အစိုးရက လက်နက်ကိုင် အဖွဲ့ တိကို အပစ်အခတ်ရပ်စဲအောင် ဆွီးနွီးဖို့  ၊ ဒုတိယအချက်မှာ နယ်မြီဒေသ တခုပီးဖို့ ။ တတိယအချက်မှာ အပစ်အခတ် ရပ်စဲ ထားရေ အဖွဲ့ ဝင်တိကို လုပ်စားကိုင်စား ဟိအောင် လုပ်ပီးဖို့ နင့် နောက်ဆုံးမှာ လက်နက်ချစီခိုင်းဖို့ ပါလတ်ထော။
             ရခိုင်ပြည်လွပ်မြောက်ရေးပါတီကလေးသွင့် ပထမအချက်မှာ လွပ်လွပ်ရေးသည် ပထမ အချက်ဖြိုက်နီစော်ပါရာကာ။ ဒုတိယအချက်မှာလေးသွင့် လွပ်လွပ်ရေး တတိယအချက်မှာလေးသွင့် လွပ်လွပ်ရီးဖြိုက်နီရေအခါ သမတဦးသိန်းစိန်အစိုးရရို့  မျှော်မှန်းထားစော်တိနင့်ကား အားလုံး ပြဒါးတလမ်း သံတလမ်း ပဋိပက္ခပါယေ ။ ယေဇူးနင့်လေးသွင့် အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ စော်ကို လုပ်လို့ ရဖို့ အတွက် ပထမအဆင့်မှာ လုပ်လို့ ရကေလေးသွင့် ဒုတိယအဆင့်ဖြိုက်တေ နိုင်ငံရေးဆွီးနွီးပွဲမှာ ပွဲပြီးလားဖို့  ကိန်းဆိုက်နီပါရေဒေ။ ယင်းပိုင်ရာဖြိုက်လားခကေ ရခိုင်လူမျိုးတိကို အမျိုးသားနိုင်ငံရေးအမြင် ဟိအောင် လုပ်ခရဖို့ စော် တခုရာကျန်ပါဗျန်ကာ ။ ရခိုင်နိုင်ငံတော်ကို လိုချင်လို့  လက်နက်ကိုင် တော်လှန်ရေး လုပ်နီရေအတွက် အခုလက်ဟိ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် လို့  မသုံးဘဲနင့် ရခိုင်ပြည်လို့  သုံးရဖို့ စော်တိကို ရခိုင်သားတိ သဘောပေါက်အောင် ငြိမ်းချမ်းရေးဆွီးနွီးဖို့  လားရေ ကတည်းကပင် ပြောဆိုထားဖို့  လိုပါရေ ။ ဖက်ဒရယ်တည်ဆောက်ချင်ရေလူတိုင်းမှာ ပြည်ထောင်ပေါင်းစု နိုင်ငံတည်ဆောက်ရေအတွက် ရခိုင်ပြည်ဆိုစော်ကိုလေးသွင့် နာမည် ပြောင်းလို့  ထည့်ပီးရဖို့ လိုပါရေ ဒေ။
        ဇါဖြိုက်လို့ ဆိုကေ ပင်လုံညီလာခံမှာ ရခိုင်လူမျိုးတိက လားပနာ ပါခကေလေးသွင့် လုပ်တေ ညီလာခံက တောင်တန်းဒေသတိမှာ နီကတ်တေ လူမျိုးတိကရာ လက်မှတ်ထိုးကတ်စော်ဖြိုက်ပါရေ ။ ယင်းပင်လုံညီလာခံမှာ ခွဲထွက်ရီးတိ တန်းတူရီးတိ ပါခကေလေးသွင့် မြန်မာနိုင်ငံလွပ်လွပ်ရေး ရလာရေအခါကား ရခိုင်နိုင်ငံဆိုစော် ပျောက်လားစော်ပါရာမနား ။ ပင်လုံညီလာခံစာချုပ်ကိုရာ အမှန်ရာ အကောင်အထည်ဖေါ်ခကေလေးသွင့် တခြားလူမျိုးတိက ခွဲ ထွက်လို့  ရချင် ရပါဖို့ စော်ပါရာ ။ ရခိုင်နိုင်ငံရေးသမားတိက တခုချေလေး ပြောရေးဆိုခွင့် မဟိရေအတွက် ယင်းပင်လုံညီလာခံ စာချုပ်အတိုင်း ခံစားရဖို့ စော် မဟုတ်ပါကားယေ ။ စိုင်းစားလို့ ကြည့်ကေ သိကတ်ပါဖို့ စော်ပါရာ ။ ပင်လုံညီလာခံ စာချုပ်အရ မြန်မာနိုင်ငံကို လွပ်လွပ်ရီးပီးရေအခါ မြန်မာနိုင်ငံအလံတော်ကို လွှင့်ထူလာရပါရေ ။ ယင်းအလံတော် အလယ်က ကြယ်ကြီးဆိုစော် ဗမာလူမျိုး ၊ ရခိုင်လူမျိုး ၊ မွန်လူမျိုး ကိုယ်စားပြုပါရေလို့  ဗမာနိုင်ငံရေးသမားတိက လုပ်လိုက်စော်ပါဒေ။ ဘေးနားက ကြယ်ငါးလုံးကတော့ခါ ကချင်။ကရင်။ကယား၊ ချင်း. ရှမ်း ဆိုပနာ လူမျိုးကို ကိုယ်စားပြုစော်ပါလတ်ထော ။
         ဒေပိုင်လုပ်လိုက်စော်က ဗမာ လူမျိုး ၊ ရခိုင်လူမျိုး ၊ မွန်လူမျိုး ဆိုစော် ညီအကို အရင်းခေါက်ခေါက် ယဉ်ကျေးမှုတိ အတူတူ စာပီတိ အတူ ဆိုပနာ လုပ်ပလိုက်စော် မဟုတ်ပါလားယေ ။ ဒေပိုင် ရက်ရက်စက်စက် သမိုင်းအလိမ်တိနင့် လုပ်လိုက်တေအတွက် မြန်မာနိုင်ငံ လွပ်လွပ်ရေးရရေ -၁၉၄၈-ခုနှစ် ဇန္န၀ါရီလ-၄-ရက်နိ ဆိုစော် ရခိုင်နိုင်ငံလေးပျောက် ကိုလိုနီကျွန်ဘ၀ကို ရောက်လားစော် ပါရာ ။ အခုဆိုကေ ကိုလိုနီကျွန်ဖြိုက်လားစော် နှစ်ပေါင်း-၆၄- နှစ် ဟိပါဗျန်ဒေ။  ရခိုင်နိုင်ငံရေးသမားတိ တော်လှန်ရီးသမားတိ ကောင်းကောင်းကြီး မှားလားခလို့  အခုပိုင် ကိုလိုနီကျွန်သက် - ၆၄ -နှစ် ဟိလာစော်လို့  ပြောကေ ရပါရေဒေ ။ ယေကေ ဒေပိုင် ကိုလိုနီကျွန်ဘ၀က လွပ်မြောက်အောင် လုပ်ဖို့ လိုပါရေ မနားယေ ။ ယင်းပိုင်ကိုလိုနီကျွန်ဘ၀က လွပ်မြောက်အောင် လုပ်ဖို့  ကြွီးကြော်ထားကေလေးသွင့် ရခိုင်ပြည် လွပ်မြောက်ရေးပါတီက အခုဆိုကေ သမတဦးသိန်းစိန်အစိုးရနင့် တွိဆုံဆွီးနွင်္ီးဖို့  အတွက် အပစ်အခတ်ရပ်စဲရီးကို လက်ခံထားပါဗျန်ဒေ။
      ရခိုင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြိုက်တေ ရခိုင်ပြည်လွပ်မြောက်ရေးပါတီမှာ လက်နက်အင်အားလေး ကောင်းရေပိုင် လူအင်အားလေးသွင့် ကောင်းရေလို့  သိရပါရေ ။ အပစ်အခတ်ရပ်စဲရေးအတွက် ဆွီးနွီးဖို့ စော်မှာလေးသွင့် နယ်မြီဒေသ သတ်မှတ်ပနာ ကိုယ့်နယ်မြီ သု့ နယ်မြီ သတ်မှတ်ပြီးက နိန်ကတ်ဖို့  ထိုင်ကတ်ဖို့  ဆိုကေတောင်မှ ဖြိုက်နိုင်ရေတိုင်သားတိရာလို့  ခန့် မှန်း နီကတ်ပါယင့် ။ အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွီးနွီးဖို့ ဆိုခါတော့ခါ  ရခိုင်ပြည်လွပ်မြောက်ရေးပါတီက ဖြိုက်နိုင်ခြီတိ ဟိပါရေ ဒေ။ နိုင်ငံရေးအရ ဆွီးနွီးဖို့ စော်ရာ မဖြိုက်နိုင်ဖို့  အခြီအနိန်တိ များနိန်စော်ပါရာ ။ ဇါဖြိုက်လို့ ဆိုကေ ရခိုင်ပြည်လွပ်မြောက်ရေးပါတီနင့် သမတဦးသိန်းစိန်အစိုးရ၏ ရထားဝန်ကြီး ဦးအောင်မင်း ရို့  နှစ်ဖွဲ့ စလုံး ခံယူချက်မှာ တတိုင်တမျိုးစီ ဖြိုက်နိန်လို့ ပါဒေ။ ဒေပိုင် ဖြိုက်နိန်စော် နိုင်ငံရေးပသနာ တခုကတော့ခါ သမိုင်းနင့်ချီရေ လူမျိုးရေးပြသနာ ဟိနိန်လို့ ပါရာ ။ ဒေပိုင် သမိုင်းနင့်ချီရေ ရခိုင်နိုင်ငံနင့် ဗမာလူမျိုးရေးပြသနာမှာ ခံယူချက်တိက သမိုင်းကို အခြီ ခံထားရေအတွက် ကျိန်းသီ ဖြီရှင်းနိုင်ဖို့ လို့  မထင်ရပါဒေ။ ယေကေလေးသွင့် ငါးမျှားဖို့  လားရေအတွက် ငါးမရကေ ရီချိုးလို့  ပြန်ရဖို့  အခြီအနိန်ကိုတော့ခါ ရခိုင်ပြည်လွပ်မြောက်ရေးပါတီက အသိအမှတ်ပြုထားရဖို့ လိုပါရေ ။  ဇါပင်ဖြိုက်ဖြိုက် ရခိုင်ပြည်လွပ်မြောက်ရေးပါတီက တွိဆုံဆွီးနွီးစော်မှာ စကားလွန် ပါးစပ်လွန် ဖြိုက်လားစော်ကို ရုပ်သိမ်းနိင်ဖို့ အတွက် နောက်ထပ် ပါတီတွင်းမှာ ဒေပိုင် ငြိမ်းချမ်းရေးဆွီးနွီးစော်ကိုလေးသွင့် လက်မခံစော် လူတိ ဟိသိရေလို့  ပါတီတွင်းမှာ လှို့ ဝှက်လုပ်ထားရဖို့ စော်ကလေး နိုင်ငံရေးပရိယယ် တခုအဖြစ် သုံးသပ်ထားဖို့ လိုပါယင့် ။
        နောက်တဖွဲ့ ဖြိုက်တေ ရခိုင်ပြည်သူ့  ညီညွတ်ရီးပါတီ ( NUPA ) ကျခါတော့ခါ ထိုင်းဖက်မှာ ဟိရေ တခြားတိုင်းရင်းသားအဖွဲ့ တိနင့် ( UNFC ) အဖွဲ့ မှာ ပါထားရေအတွက် ဆွီးနွီးဖို့  ခေါ်ထားစော်မျိုး ဖြိုက်လာစော်ပါဒေ။ ဒေကနိထုတ်သတင်းစားတိမှာ ပါလာစော်တိကို ကြည့်ကေ အပစ်အခတ်ရပ်စဲရီးအတွက် ဆွီးနွီးဖို့ စော်ကိုလေးသွင့် NUPA-လက်ခံလိုက်ဗျန်လို့  သိရပါရေ ။ အပစ်အခတ်ဆိုစော်က လက်နက်ကိုင် အဖွဲ့ ချင်းဖြိုက်တေသူကရာ လုပ်တေပွဲဖြိုက်လို့   ဒေတိုင်သားတိမှာ လက်နက်ကိုင် အဖွဲ့ ကလေးသွင့် အင်အားနည်းရေပိုင် လူတိတောင်မှ ကောင်းကောင်း မဟိဗျန်လို့  သိရပါရေ ။ ယေဇူးနင့် ဇါပိုင် အပစ် အခတ် ရပ်စဲစော်မျိုးကို လုပ်ဖို့ လေးလို့  ခန့် မှန်းနီကတ်ပါရေ ။ ယေကေလေးသွင့် လက်နက်ကိုင်အင်အားတိကို ထုတ်ပြနိုင်သိတိုင်အောင် အရေးကြီးစော်က နိုင်ငံရေးပြသနာ ဆွီးနွီးပွဲ ဖြိုက်နီစော်ပါရာ ။ သမတဦးသိန်းစိန် အစိုးရ၏ အပစ်စအခတ်ငြိမ်းချမ်းရေး ဆွီးနွီးပွဲ ဆိုစော် သူရို့ မူနင့် သူရို့  လုပ်နီစော်ဖြိုက်ပါရေ ။ ယေကေ ယင်းမူကို ရခိုင်ပြည်သူ့ ညီညွတ်ရီးပါတီ ( NUPA )  လက်ခံနိုင်ပါဖို့ လားဆိုစော်ကို စိုင်းစားရပါဖို့ ကာ ။
        ယေဘူယျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုရေလို့  -UNFC - တိုင်သားတိက သဘောတူ ထားကတ်တေအခါ ဒေ NUPA  တိုင်သားတိကလေးသွင့် ယင်းမူဝါဒ ပေါ်လီစီ သဘောထားနင့် တစိချေလေး မကွဲ ပြားလို့  ထင်ရပါရေ ။ ယေဇူးနင့် အပစ်အခတ်ရပ်စဲရေးကိစ္စကို လုပ်လို့  ရရေပိုင် နိုင်ငံရေးအရလေးသွင့် ဆွီးနွီးလို့  ရဖို့  ထင်ပါရေ ။ ယင်းပိုင်ပါဗျန် ။ ရခိုင်ပြည်ဒီမိုကရက်ပါတီ ( DPA  ) ကလေးသွင့် အပစ်အခတ်ရပ်စဲရေးကို လုပ်လို့  ရရေပိုင် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံကို တည်ဆောက်လိုရေတိုင်သား ဖြိုက်လို့  ဒေတိုင်သားတိကလေး ပြသနာကား မဟိပါယေ ။ သမတဦးသိန်းစိန်အစိုးရက အပစ်အခတ်ရပ်စဲရေး ဆွီးနွီးဖို့ စော်မှာ ရခိုင်လက်နက်ကိုင် သုံးဖွဲ့ တော့ခါ သူရို့  သုံးတိုင်သားစလုံးကို ခေါ်နီပါဗျန် ဆိုပနာ ကြီညာထားပါဗျန်ထော ။ တခြား လူမျိုးတိကလေးသွင့် ရုပ်သီးအစိုးရနင့် အပစ်အခတ်ရပ်စဲရေး ဆွီးနွီးဖို့  စော်မှာ နယ်မြီဒေသတိ ရရေပိုင် အခွင့်အရေးတိကလေးသွင့် ရဖို့  အလားအလာ ဟိလာပါဖို့ စော်ပါရာ ။ ဇါပင်ဖြိုက်ဖြိုက် အခုအချိန်မှာ အပစ်အခတ် ရပ်စဲရေးကို လုပ်နီကေလေးသွင့် တိုက်ပွဲ တိက ဖြိုက်နီပါတုံးရာသိ ။ ယေကေလေး ဒေကိစ္စတိ ဒေပဋိပက္ခတိက တနားချေပါရာ ။ နိုင်ငံတကာအစိုးရတိက ၀င်ပနာ လုပ်ပလိုက်ကေ ဗြီးလားဖို့  ကိစ္စတိပါရာ ။ ယင်းတိုင်သားတိမှာ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ အတွက် သူရို့  လူမျိုးတိက တောင်းဆိုနီစော်နင့် ရကေ ပြီးပါဗျန်ကားယေ။
     မပြီးနိုင်စော်ကတော့ခါ ရခိုင်သားတိပါရာ မနား  ။  လက်နက်ကိုင်သုံးဖွဲ့ ဟိစော်မှာ တဖွဲ့ က လွပ်လွပ်ရေးရဖို့  အတွက် တိုက်နီရဖို့ သိ-ဆိုပနာ ကြီညာထားစော် ပါချင့်  ။ ယေဇူးနင့် ဒေတိုင်သားကတော့ခါ သမတဦးသိန်းစိန်အစိုးရနင့် နေပြည်တော်မှာ လဘက်ရည် အတူတူ ထိုင်လို့  သောက်ခစော်ထက် အောင်မြီဖြိုက်တေ တော်လှန်ရေးနယ်မြီကို ပြန်လို့ လာဖို့  တော်လှန်ရေးတိုင်သားလို့  မြင်နီရပါရေ ။ အခြားနှစ်ဖွဲ့ ဖြိုက်တေ ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ ( NUPA ) နင့် ရခိုင်ပြည်ဒီမိုကရက်ပါတီ ( DPA ) ရို့ ကတော့ခါ တွိဆုံဆွီးနွီးပွဲ လုပ်လားခကေ သမတဦးသိန်းစိန်အစိုးရနင့် လက်တွဲပနာ ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ဖို့  ကျနိုင်ဖို့ စော်ပါရာ ။ ( မှတ်ချက် - အပစ်အခတ် ရပ်စဲရေးကို လက်မခံဘဲ မဆွီးနွီးကေ မကျနိုင်ပါ ) ။  ယေဇူးနင့် အတိတ်သမိုင်းက ခွဲထွက်ပနာ သို့ မဟုတ် ပစ္စုပ္ပန်မှာ မညီညွတ်ဆုံးသော ရခိုင်နိုင်ငံရေးဝန်းကျင်က မုန်တိုင်းများလို့  ပြောကေ ရနိုင်စော်ပါဒေ။ ထူးခြားနီစော် တခုကတော့ခါ ဒေပိုင်လက်နက်ကိုင် ရခိုင်တော်လှန်ရေး အဖွဲ့ တိ -ရခိုင်နိုင်ငံရေးအဖွဲ့ အစီးတိက သမတဦးသိန်းစိန်အစိုးရ နင့် အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဆွီးနွီးဖို့  လုပ်နီချိန်မှာ နိုင်ငံရေးအဖွဲ့ အစီးတိက မဟုတ်တေ ရခိုင်လူမျိုးတိကတော့ခါ တကမ္ဘာလုံးမှာ ကိုလိုနီဖျက်သိမ်ရီးအတွက် သို့ မဟုတ် ရခိုင်နိုင်ငံလွပ်လွပ်ရေးအတွက် စိတ်အားထက်သန်ပနာ လုပ်နီကတ်ပါရေထော ။  ယင်းတိုင်သားတိက ကုလသမဂ္ဂရုံးရှေ့ကို ရောက်နီကတ်ပါဗျန် ။ တနားနီကေ လူကိုယ်တိုင်ဝင်လားကတ်ပါဖို့ ဗျန်ထော  ။ ရခိုင်နိုင်ငံကို ကိုယ်စားပြုရေ ရခိုင်လူမျိုးအဖြိုက် တနိခါ ကုသမဂ္ဂရုံးထဲမှာ စကားပြောကတ်ဖို့ ဗျန်ကာ ။ ယေခါ သူရို့ နောက်မှာ ရခိုင်နိုင်ရေးအဖွဲ့ အစီးတိကလေး မဟိ၊ တော်လှန်ရေး အဖွဲ့  အစီးကလေးသွင့် မဟိဆိုကေ ကောင်းကောင်းပင် ဂွကျဖို့  စော်ပါရာ မနား ဂု ၊  ယေကေ ယင်းချင့်ကို ရခိုင်နိုင်ငံရေးဝန်းကျင်က မုန်တိုင်းလို့  မခေါ်ကေ ဇါချင့်ကိုပင် ခေါ်ရပါဖို့ လဲ ယေ ။ ယင်းမုန်တိုင်းမှာ ဇါတိုင်သားက ပြိုကျလားဖို့ လေး ။ ဇါတိုင်သားက ရီစီးနင့် မျောပနာ သီလားလီကတ်ဖို့ လေး -ဇါသူကတော့ခါ ကိုယ့်ခြီထောက်နင့် ကိုယ် လူးကျဖို့ လေး ဆိုစော်ကတော့ခါ ရထားဝန်ကြီး ဦးအောင်မင်းက ပြောထားရေအတိုင်း ဒေသုံးလအတွင်းမှာ မြင်ကတ်ရပါဖို့ ဗျန်ဒေ ။
 
အောင်သာနီ
Print Friendly and PDFPrintPrint Friendly and PDFPDF