ထိန်းသိမ်းကတ်ပါမေ ရခိုင်စကား

လွန်ခရေ ၃နှစ်လောက်က ဖြစ်ပါရေ။စစ်တွေမြို.က လ္ဘာရည်ဆိုင်တစ်ဆိုင်မှာ လ္ဘာရည်သောက်နိန်ရေ လူတိက အတော်အသင်.ဟိပါရေ။သောက်နိန်ရေလူတိ ရခိုင်ပြည်သား/ရခိုင်လူမျိုးတိပါ။ခက်စွာက ယင်းဆိုင်မှာ လုပ်နိန်ရေ အကောင်ချေတစ်ယောက်က ဗမာချေပါ။သောက်နိန်ရေလူတိနန်. သောက်ဖို.လာရေလူတိကို ဗမာစကားနန်. မိန်းပါရေ အကို ဘာပြောမလဲ ဘာမှာမလဲ ယင်းပိုင်ပြောပါရေ။ဆိုင်ရှင်က ရခိုင်သား ဆိုင်ရှင်က ယင်းကောင်ချေကို လှမ်းပနာ ဟိုမှာတစ်ယောက် လာနေတယ် ဘာသောက်မလဲ မေးကြည့်လိုက် ဟိုဘက်ဝိုင်းက ခေါ်နေတယ် စသဖြင့်ဗမာစကားနန်. လှမ်းပြောနိန်ပါရေ။ဒေစာကို ဖတ်ရေလူတိ စိုင်းစားကြည်.ကတ်ပါ။ရခိုင်ပြည်နယ် စစ်တွေမှာက အများအားဖြင်. ရခိုင်လူမျိုး အများစု နိန်ထိုင်ပနာ ရခိုင်စကားကိုရာ ပြောကတ်ပါရေ။ဗမာစကား(အောက်ချီးစကား)ကို ပြောလေ့ပြောထ မဟိပါ။ကိုယ်ဘက်မှာ လုပ်နိန်ရေ အလုပ်သမား အကောင်ချေတစ်ကောင်ကို အလေးထားပနာ ဗမာစကားကို လိုက်ပြောနိန်ရကေ စားသုးံသူတိကသင်. ဗမာစကားတိနန်. ပြောနိန်ဖြေနိန်ရကေ ရခိုင်စကားစွာ ရခိုင်သားတိအတွက် စံဘုံစကားတစ်ခု မဖြစ်စီပဲ ပျောက်ကွယ်လားလီပါဖို.ဗျာယ်။၁၀နှစ်ကျော်ချေ အကောင်ချေတစ်ယောက်ကို အလုပ်သမားချေတစ်ယောက်ကို အလီးထားပနာ ဗမာစကားကို လိုက်ပြောနိန်ရကေ အကျွန်မျိုးရို.ရခိုင်စကားစွာ အဆင်.မဟိရေ ဘာသာစကားတစ်ခုထဲကို အလိုလို ဆွဲသွင်းပြီးသား ဖြစ်နိန်ပါရေ။
ဥပမာ ယင်းစားပွဲထိုးကောင်ချေက ရခိုင်ဆိုင်မှာ လုပ်ချင်ကေ လုပ်ဖို.ဆိုကေ ရခိုင်စကားကို တတ်အောင် နားလည်အောင် လေ.လာခိုင်းရပါဖို. မဟုတ်ပါလား။ဆိုင်ရှင်ကသင်. ရခိုင်စကားကို နားလည်မှ ပြောတတ်မှ အလုပ်ခန်.ရပါဖို. မဟုတ်ပါလား။ယေခါမှ ဇာလူမျိုးမဆို ငါရို.လူမျိုးတိ ရခိုင်ပြည်မှာ အလုပ်လုပ်ချင်ကေ ရခိုင်စကားတတ်မှ အလုပ်ရဖို. ရခိုင်စကားကို လေ.လာရဖို.လို. မှတ်လီပါဖို. မဟုတ်ပါလား ရခိုင်စကားက ဘုံစကားတစ်ခု သတ်မှတ်ခံရဖို. မဟုတ်ပါလား ယင်းဗမာချေစိတ်ထဲမှာတော. ရခိုင်စကားမတတ်လေ့ ကိစ္စမဟိ ဗမာစကားတတ်ကေ ပြီးဗျာယ် ယင်းသူရို. ဗမာစကားပြောကတ်လိမ်.မေလို. အတွိးရောက်လားဖို.စွာ ဧကန်မုချပါ။

ဗမာပြည်မှာ လားအလုပ်လုပ်ကြည်.လိုက်ပါ ရခိုင်စကားပြောတတ်ရုံနန်. အလုပ်လက်မခံပါ ဗမာစကားကို ပီပီသသ ပြောတတ်မှ အလုပ်ခန်.ကတ်ပါရေ။တစ်ချို.ဆို မြန်မာစစ်စစ် ဖြစ်ရမယ် ဆိုပနာ ဆိုင်းဘုတ်ထောင်ပနာ ရီးထားကတ်ပါရေ ဗမာက လွဲပနာ အခြားလူမျိုးကို အလုပ်မခန်.ဆိုစွာ ဒေကြော်ငြာစာက ဖော်ပြထားပါဗျာယ်။ဇာလောက်ထိ မျိုးကို ချစ်ပါလဲ ကြည်.ပါ ရခိုင်သားတိ ရခိုင်ဆိုင်ရှင် ကုမဏီ ပိုင်ရှင်တိသင်. ချင်.ချိန်ကတ်ဖို. လိုနိန်ပါရေ ရခိုင်သားအစစ် ဖြစ်ရမေ ရခိုင်သားကိုသာ ဦးစားပီးခန်.မေ ဆိုပနာ ဆိုင်းဘုတ်ထောင်သင်.ပါရေ ယေမှ ရခိုင်လူမျိုးတိ ရခိုင်လူမျိုးဖြစ်ရစွာကို ဂုဏ်ယူပနာ ၀င်ကြွားနိုင်ပါဖို. မဟုတ်ပါလား။

ဇာနိုင်ငံမှာမဆို ဆိုင်ရှင်က ယင်းနိုင်ငံ၏စကား ယင်းသူရို.လူမျိုးသုးံစကားကို မတတ်ကေ နားမလည်ကေ အလုပ်မခန်.ချင်ပါ ဦးစားပီး မခံရပါ။ယင်းနိုင်ငံမှာ အလုပ်လုပ်ချင်ကေ ယင်းနိုင်ငံ၏ စကားကို မလွဲမသွေ လေ.လာရပါရေ။နားမလည်ကေ ပြောဆို ကျိန်းမောင်း ဆဲဆိုပါရေ။ ယင်းမှာက ဆိုင်ရှင်တိကသင်. မြန်မာအလုပ်သမားအမြောက်အမြား ခန်.ထားကေသင်. မြန်မာစကားကို လိုက်သင်ပနာ မခိုင်းပါ ယင်းနိုင်ငံ၏လူမျိုးစကား(သို.မဟုတ်)အင်္ဂလိပ်စကားနန်.ရာ ခိုင်းပါရေ နားမလည်ကေ ဆဲဆိုပါရေ။ယင်းခါမှ ယင်းနိုင်ငံက စကားတိကို အလေးထားပနာ လေ့လာကတ်ပါရေ ။

တန်ဖိုးဟိရေ ဘာသာစကားတစ်ခုအဖြစ် သတ်မှတ်လာခြင်း ခံရပါရေ။ယင်းပိုင် ယင်းလူမျိုး ယင်းနိုင်ငံတိပိုင် အကျွန်မျိုးရို.ကသင့် အကျွန်မျိုးရို. ရခိုင်စကားကို ဘုံစကားတစ်ခုအဖြစ် စံထားပနာ ပြောဆိုသင်.ပါရေ။ယေပိုင်မဟုတ်ကေ ပေါ.ပျက်ပျက် ရခိုင်စကားတစ်ခုပိုင် မပြောကေသင်. ရရေ /မဟိကေသင်. ရရေပိုင် ဖြစ်လားပါလားမေ။ရခိုင်သားက ရခိုင်စကားမပြောကေ မျိုးချစ်စိတ် ပျောက်တေပိုင် လူမျိုးလည်းပျောက်လားပါလိမ်.မေ။ ။ (သတိ)။ မျိုးချစ်စိတ်အမှန်ဟိရေ ရခိုင်လူမျိုးတိ ဖြစ်ပါစီလို. ရည်စူုးပနာ မျိုးကို ချစ်တေဆိုကေ မျိုးချစ်စိတ်ဆိုစွာ ဇာလဲလို. အဂေါင်.လေ.လာပနာ အကောင်းဘက်ကို ပြုပြင်နိုင်ဖို. အကြံပြုတင်ပြရင်း လက်ညောင်းခံပနာ မအားရေ ကြားထဲက အေစာကို ရိုက်လိုက်ရခြင်းဖြစ်ပါရေ။ရခိုင်းလူမျိုးတိ အားလုးံ နားလည်နိုင်ကတ်ပါစီ။အဖရခိုင်ပြည်ကြီး ဗမာလက်အောက်က လွတ်မြောက်ပနာ ဖွံဖြိုးတိုးတက်ရေ နိုင်ငံတော်သစ် အရင် တည်ထောင်နိုင်ပါစီလို. ဆုမွန်ကောင်းတောင်းယင်း...................(ရွီမြောက်ဥူး--ခိုင်ကျော်ဆန်း)
Print Friendly and PDFPrintPrint Friendly and PDFPDF