အပစ်အခတ် ရပ်စဲရေးနောက်ကွယ်မှ စကားလုံးများ
ဦးခေါင်းတခုလုံး ပစ်ခတ်ခံရသော အပစ်အခပ်ရပ်စဲရေးနောက်ကွယ်မှ စကားလုံးများ
 " အခက်အခဲတော့ သိပ်မတွေ့ပါဘူး။ လွယ်လည်း မလွယ်သလို အခက်အခဲကလည်း သိပ်ပြီးတော့ များများ တွေ့မှာမဟုတ်ပါဘူး။ ပထမ တစ်ကြိမ်သာလျှင် အခုလို ဖြစ်လာဖို့ ခက်ခဲတာပါ။ အခုလိုအဆင့် ကျော်သွားပြီးရင်တော့ မခက်ခဲတော့ပါဘူး။ ညှိနှိုင်းရဦးမှာတော့ ဖြစ်ပါတယ်။ ရှေ့မှာကတော့ သူတို့တပ်ဖွဲ့တွေရဲ့ နေရေးထိုင်ရေး စာရေးသောက်ရေးတွေပေါ့။ နောက်တခါ သူတို့တွေရဲ့အလုပ်အကိုင် ရရှိရေးပေါ့၊ နောက်တခါ သူတို့အနေနဲ့ ဒေသဖွံ့ဖြိုးရေးပေါ့၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ဒီကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်ပေးပါမယ်။ သူတို့ရဲ့ ရပ်တည်ရေးအတွက်ပေါ့။ အဲဒီကနေ အဆင့်ဆင့် ကျနော်တို့ ကူးပြောင်းသွားပါမယ်။ နောက်ဆုံးတော့ ဥပဒေဘောင်အတွင်းမှာ လုံးဝဥဿုံ ရောက်လာသည်အထိ ပေါ့လေ။ တနည်းအားဖြင့်တော့ ထာဝရငြိမ်းချမ်းရေးကို ရသွားတဲ့အထိ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအဆင့်တွေကတော့ နည်းနည်းတော့ များမှာပေါ့ဗျာ။ ချက်ချင်းကြီးတော့ မရနိုင်ဘူး။”
      - အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူပြီး ညှိနိုင်းနေသော ဦးအောင်သောင်း၏ အထက်ပါစကားမှာ လွန်စွာအကျည်းတန်နေသည်ကို တွေ့ ရသည်။ သူ၏ပြောဆိုသောစကားအရ နိဂုံးအချုပ်သတ်လိုက်လျှင် လက်နက်ချရေးသည်သာ ဖြစ်တော့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ၏ တွေ့ ဆုံရေးဘဲဆိုဆို ၊ ငြိမ်းချမ်းရေးဘဲဆိုဆို  ၊ အပစ်အခတ်ရပ်စဲရေးသည် ယင်းသို့ သော ပုံစံမျိုးဖြင့် ငြိမ်းချမ်းရေးအတွက် မှန်ကန်သော အဖြေမဟုတ်ဟုထင်သည်။ သူတို့ လိုချင်သည်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဖြစ်
သည်။ ကိုယ်ပိုင်ဥပဒေပြဋ္ဌန်းပိုင်ခွင့် ရရှိရေးဖြစ်သည်။ ရုပ်သေးလို ကြိုးဆွဲခံရပြီး ပြုသမျှု နုနေချင်သည့် ဘ၀မျိုး မလိုလားကြတော့ ။ ပြီးတော့ သူတို့ လက်နက်ကိုင် အုပ်စုလောက်သာ စီးပွါးဖြစ်ပြီး ဘ၀ကူးပြောင်းသွားသည့် အနေအထားမျိုးကို လူထုကပင်လျှင် လက်မခံကြတော့ ။ ယင်းသို့ အနေအထားမျိုး၏ အခြားတဖက်မှာ ဥပဒေဘောင်အတွင်းဝင်၍ လက်နက်စွန့် ရမည့် အနေအထားကိုမူ တစက်ကလေးမျှ စဉ်းစားလိမ့် မည်မထင်ရချေ။
သည်လိုဆိုလျင် ယခုဦးအောင်သောင်း၏ ငြိမ်းချမ်းရေးအတွက် တာဝန်ခံပြောဆိုလုပ်ကိုင်နေသော အပစ်အခတ်ရပ်စဲရေးပြသနာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက သတိထားပြီး စောင့်ကြည့်ရတော့မည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအတွက် မဆွေးနွေးရသေးသောအချိန်ကာလမှာပင် သမတဦးသိန်းစိန်အစိုးရက သူတို့ လိုချင်သော မရိုးနိုင်သည့် နိုင်ငံရေးပုံစံခွက်ကို ထုတ်ပြလာပြီဖြစ်သည်။ ၁၉၆၃-ခုနှစ်ကပင် ပြည်တွင်းငြိမ်းချမ်းရေးကို စတင်ဆွေးနွေးခဲ့ သော ဗိုလ်ချုပ်ကြီးနေ၀င်းမှသည် သမတဦးသိန်းစိန်၏ အစိုးရထိ  တိုင်းရင်းသားလက်နက်ကိုင်များ၏ သူတို့ မျှော်မှန်းထားသော ဒီမိုကရေစီအခွင့်အရေးစံနှုံးများ ။ လူ့ အခွင့်အရေးစံနှုံးများကို သူတို့ ဖန်တီးနိုင်ခွင့်အတွက် ဦးစားပေးခြင်း တစက်တလေမျှ ဆန္ဒမရှိကြမှန်း သိသာနိုင်ပြီ ။ ပကတိမျက်မှောက်ကာလမှာ -DKBA- သည် မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲနေ့ တွင် သေနတ်သံများဖြင့် မဲဆန္ဒကို ပေးခဲ့ လေသနည်းဆိုသော အချက်ကို စဉ်းစားကြည့်ရန်လိုသည် ။     တိတိကျကျ ပြောရလျှင် အပစ်အခတ်ရပ်စဲရေးသည် နှစ်ဖက်လက်နက်ကိုင်အဖွဲ့ များ၏ ပဋိပက္ခပြသနာကြောင့်ဖြစ်သည်။ တဖက်က စစ်အာဏာရှင်အစိုးရ၏ ယခုလက်ရှိကြွင်းကျန်နေသော စစ်အုပ်စုဖြစ်သည့် သမတဦးသိန်းစိန်အစိုးရ တပ်မတော်ဖြစ်သလို နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဖြစ်သည်။ ယုင်းလက်နက်ကိုင်အဖွဲ့ များသည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကို ဖန်တီးနေကြသော လက်နက်ကိုင် အဖွဲ့ များဖြစ်သည်။ ဤအဖွဲ့ များ၏ အပစ်အခတ်ရပ်စဲရေးမှာ အဓိကအားဖြင့် အရေးကြီးသောအချက်မှာ လက်နက်ကိုင်အင်အားစု တပ်ဖွဲ့များကို လျှော့ချရေးဖြစ်သည် ။ ယခုသူတို့ ဆွေးနွေးနေသော အချက်မှာ နယ်မြေဒေသ သတ်မှတ်ရေးကို ဦးစွာ ဆွေးနွေးနေကြသည် ။ မည်သို့ ပင် နယ်မြေဒေသကို သတ်မှတ်ပြီး ဆွေးနွေးနေကြစေကာမူ အချိန်မရွေး သေနတ်သံကြားနိုင်သည်ကို သင်္ခဏ်းစာများ အပြည့်အစုံ ရှိနေကြပြီးဖြစ်သည်။
မည်သည့်အတွက်ကြောင့် သေနတ်သံများ ကြားနေရသနည်းဆိုသည်မှာ အဖြေက ရှင်းနေလောက်သည်။ လက်နက်များ ရှိနေသရွေ့  သေနတ်သံများ ကြားရမည်မှာ အမှန်ဖြစ်သည်။
     တိုင်းရင်းသားနယ်မြေ ဒေသတွေမှာ တပ်ရင်းတွေ တပ်စုတွေ မည်ရွေ့ မည်မျှ တပ်စွဲပြီး ထားသည်ကို ကြည့်ပါက သူတို့ ၏ စစ်တပ်အာဏာ ကြီးစိုးမှုကို နယ်ပယ်ချဲ့ ထွင်လို၍ ထားခြင်း သိသာနိုင်သည်။ အိမ်ရှင်ကို နှင်ထုတ်ပြီး အိမ်ရှင်မကို မုဒိမ်းကျင့်ကာ အိမ်မွေးတိရိစ္တာန်များကို လူယူခိုးဝှက် စားသောက်နေသော သမတဦးသိန်းစိန်၏ တပ်မတော်မှာ နှလုံးပျို့ လောက်အောင်အထိ ကြားနေရသည်။ ထို့ ကြောင့် လက်နက်အားကိုး ပြုလုပ်နေသော တပ်ရင်းတပ်ခွဲများကို နောက်တန်းပြန်ဆုတ်ပေးဖို့ လိုသည်။ အဓိက အဖြေမှာ ယင်းကဲ့သို့ သာဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များမှာ သူတို့ ၏ နယ်မျြေ များတွင်သာ တပ်ရင်းများကို ချထားသော်လည်း ကာကွယ်ရေးစစ်ဦးချုပ်၏ တပ်မတော်မှာ တနိုင်လုံးဖြန့်ကြက်ထားလျှက်ရှိနေသည်။ အကယ်၍ အပစ်အခတ်ရပ်စဲရေးကို တိတိကျကျ ဆောင်ရွက်လိုလျှင် တိုင်းရင်းသားနယ်မြေများ၏ နေရာဒေသများမှ တပ်ရင်းများကို ရုပ်သိမ်းပေးရမည်ဖြစ်သည်။ သို့ မှသာ ယခုပြုလုပ်နေသော အပစ်အခတ်ရပ်စဲရေးသည် အောင်မြင်မှု ရှိလာနိုင်မည်ဖြစ်သည်။
     ရှမ်းလက်နက်ကိုင် အဖွဲ့ ဖြစ်စေ ကချင်အဖွဲ့ ဖြစ်စေ ကရင်အဖွဲ့ ဖြစ်စေ အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်လိုလျှင် ယင်း ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင် ၏ တပ်မတော်ကို တပ်ဖွဲ့ များကို ရုပ်သိမ်းရမည်ဖြစ်သည်။ သို့ မဟုတ်ပါဘဲ နောက်ဆုံးမှာ ဥပဒေဘောင်အတွင်းဝင်ဖို့  သူတို့ ကို ထမင်းတလုပ်စားရဖို့  -သူတို့ တွေကို အလုပ်အကိုင်ပေးဖို့  - တိုက်တလုံးဆောက်ပေးဖို့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးနေပါသည်ဟု ပြောလျှင်တော့ အချိန်ကုန် လူပမ်းနေကြအုံးမည်ဖြစ်သည် ။  ယခုအချိန်မှာ သမတဦးသိန်းစိန်အစိုးရကို အမေရိကန်အစိုးရက မြောက်ကိုးရီးယားနှင့် အဆက်အသွယ် ဖြတ်စေရန် ဖိအား ပေးနေသည်။ အကယ်၍ မပြတ်ပါက ယခင်ကကဲ့သို့  ဆက်ဆံရေးပိုမိုတင်းမာလာမည်ဟု ခြိမ်းခြောက်ပြောဆိုထားပြီးဖြစ်သည် ။ မြောက်ကိုရီးယားနင့် ဆက်သွယ်ရေး ပြတ်တောက်စေလိုသည်မှာ ညူကလီယားလက်နက်ကို မြန်မာအစိုးရအား မပိုင်စေလို၍ဖြစ်သည်။ သို့ အတူ အီရန်နိုင်ငံကိုလည်း အမေရိကန်အစိုးရက ညူကလီယားနိုင်ငံအဖြစ် မည်သည့်အခါမျ အရောက်မခံဟု ကြေညာထားရာ မြန်မာနိုင်ငံအဖို့  မြောက်ကိုရီးယားနိုင်ငံနှင့် အဆက်အသွယ် ဖြတ်တောက်သွားရမည်မှာ အမှန်ဖြစ်သည်။
   ကမ္ဘာက ခြိမ်းခြောက်ထားသော မြန်မာအစိုးရမှာ ယခုအချိန်တွင် မည်သည့်အတွက်ကြောင့် အပစ်အခတ်ရပ်စဲရန် ပြုလုပ်နေရသနည်းဆိုသည်ကို လေ့လာကြည့်ရန်လိုသည်။ ဤသို့  ငြိမ်းချမ်းရေးစကားပြောဆိုရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက စတင်တောင်းဆိုခြင်း မဟုတ်ကြောင်း သိသာနိုင်သည်။ မည်သို့ ပင်ဆိုစေ မည်သည့်ဖက်က တောင်းဆို-တောင်းဆို -အပစ်အခတ်ရပ်စဲပြီး တွေ့ ဆုံဆွေးနွေးခြင်းမှာ နှစ်ဖက်စလုံးအတွက် အကျိုးရှိသလို အပြစ်မဲ့ပြည်သူတွေကလည်း စိတ်အေးသက်သာ သွားစေနိုင်ခြင်းဖြစ်ပါသည်။စစ်မီးလောင်ကျွမ်းနေသော မြန်မာနိုင်ငံ၏ ပြသနာကို ငြိမ်းချမ်းချင်နေကြသည်မှာ မြန်မာနိုင်သားတင်မဟုတ်- ကမ္ဘာ့ပြည်သူတရပ်လုံးကလည်း လိုလားနေသည်။  ယေဘူယျကျသော ပြသနာများမှာ ယင်းသို့ သာ ဖြစ်သလို လက်တွေ့ တွင်မူ မြန်မာအစိုးရ၏ တပ်မတော်သည် အပစ်အခတ်ရပ်စဲရေးကို ပြောနေသော် ငြားလည်း အခြားတဖက်မှာ တိုက်ခိုက်နေဆဲဖြစ်နေသည်ကို ၀မ်းနည်းစွာ တွေ့ နေရသည်။
    ဒုက္ခသည်များ ရှိနေသရွေ့  မြန်မာအစိုးရနှင့် တပ်မတော်၏ လူမဆန်အောင် ရက်စက် ညှင်းပမ်းမှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့  ထွက်ပြေးတိမ်းရှောင်နေကြရသည်ကို ငြင်းဆို၍မရ ။
ထို့ ကြောင့် ဒုက္ခသည် မရှိသော နိုင်ငံ- နိုင်ငံရေးအကျဉ်းသား မရှိသော နိုင်ငံဖြစ်အောင်  မြန်မာအစိုးရက ပထမ ရှေးဦးစွာ လုပ်ပြဖို့ လိုသည်။ သို့ မှသာ အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ အဓိပ္ပါယ် ရှိမည်ဖြစ်သည်။ လောလောဆယ် လက်နက်ကိုင် အဖွဲ့ များနှင့် နယ်မြေဒေသသတ်မှတ်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ကြသည်မှာ တဒင်္ဂသာဖြစ်နိုင်ခြေသာရှိသည်။ ယင်းမှာ ပကတိအခြေအနေမျိုး မဟုတ် ။ လက်တွေ. မကျ။
နယ်မြေဒေသသတ်မှတ်ခြင်းမှာ နဂိုရ်ကပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက လိုလားနေသော ပေ-ခြောက်ဆယ် -မြေကွက်လပ်မဟုတ်-နယ်မြေမဟုတ်။ သူတို့ လိုချင်သည်မှာ သူတို့ ၏ တိုင်းရင်းသားနယ်မြေဒေသတခုလုံးမှာ ဥပဒေပြဋ္ဌန်းပိုင်ခွင့်နှင့်သူတို့ ၏ ကိုယ့် ကြမ္မာ ကိုယ့်ဖန်တီးပိုင်ခွင့် ဖြစ်သည်။ သူတို့ လိုချင်သည်မှာ သူတို့  အိပ်စက်နေထိုင်ဖို့  ယာယီ တဲခိုရိပ်သာမဟုတ်။ သူတို့ လိုချင်သည်မှာ သူတို့  နေအိမ်တိုက်တာနှင့် ပြည်နယ်အသီးသီးတွင် လူလိုသူလို နေထိုင်နိုင်သော ဥပဒေအခွင့်အရေးမျိုးဖြင့် ဘ၀ကို ဖန်တီးလိုလား နေကြခြင်းဖြစ်သည်။
       ယခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များက နိုင်ငံရေးအရ မဆွေးနွေးသေးကြောင်း မြင်နေရသည်။ သို့ သော် မြန်မာအစိုးရဖက်က ဦးအောင်သောင်းကမူ သူတို့ ၏ အန္တိမ ရည်မှန်းချက်ကို ထုတ်ဖေါ်ပြောဆိုလိုက်ပြီဖြစ်သည်။ သို့ ဖြစ်၍ ယခုကဲ့သို့ သာ နောင်ကိုလည်း ဤလိုစိတ်ဆန္ဒမျိုးနှင့် ဆက်ဆံပြောဆိုနေပါက မည်သို့ မျှ အလုပ်မဖြစ်ဟု မြင်မိသည် ။ တချိန်တည်းမှာပင် ငါးမရ၍ ရေချိုးပြန်ကြရမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များကလည်း လူထုနှင့် တွေ့ ဆုံခွင့် ရလျှင်ပင် အမြတ်ဟု မြင်နေကြပြီဖြစ်သည်။  သို့ သော်လည်း မြန်မာအစိုးရကမူ လူထုနှင့် တွေ့ ဆုံခွင့် ၊ လူထုနှင့် နိုင်ငံရေးတရားစောပြောခွင့်များကို ပေးမည် လား  ဆိုသည်ကိုမူ စောင့်ကြည့်ရအုံးမည်ဖြစ်သည်။ ယခုအချိန်ထိ မီဒီယာကိုပင်လျှင် အပစ်အခတ်ရပ်စဲခြင်း ဆွေးနွေးချက်များ ။ ငြိမ်းချမ်းရေးဆွေးနွေးချက်များကို သတင်းထုတ်ဖေါ်ခွင့် မပေးသေး ။  အကယ်၍ ယင်းသို့ သာ နှစ်ဖက် တွေ့ ဆုံဆွေးနွေးပြီး မီဒီယာများသို့ မဟုတ် အစိုးရပိုင် သတင်းဋ္ဌါနများကသာ ဖေါ်ပြခွင့်ရမည်ဆိုလျင် မည်သူတွေက ပြည်သူလူထုဖက်မှ ရပ်တည်ခဲ့ သည်ကို မျက်ဝါးထင်ထင် တွေ့ မြင်ကြမည်ဖြစ်သည်။ ယင်းသို့  တွေ့ မြင်သွားမှသာ မည်သူက နိုင်ငံရေးအမြတ်ထုတ်သွားကြသည်ကို ပြည်သူလူထုက သဘောပေါက်ကြမည်ဖြစ်သည်။ သည်တော့ လွန်ခဲ့ သော -၁၉၆၃-ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်က ပြည်တွင်းငြိမ်းချမ်းရေးခေါ်စဉ်က ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ငြိမ်းချမ်းရေးပျက်ပြယ်သွားသည့်အခါ သူတို့  ပြန်သွားကြလေပြီဟု သူတို့ပိုင်သော သတင်းစာများ ရှေ့သို့ ဂျာနယ်များမှာ ဓါတ်ပုံနှင့် တကွ ဖေါ်ပြခဲ့ သည်ကို ထပ်မံ မသုံးစွဲနိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးရေမှာ တစိုက်မတ်မတ် ပြသနာ တက်နေသော အကြောင်းအရာများဖြင့် အလုပ်မဖြစ်သည်ကို ပြောနေစရာလည်း မလိုအပ်ပေ။ ယင်းသို့ပြောဆိုလေလေ ဦးခေါင်းတခုလုံး ပစ်ခတ်ခံရသော အပစ်ရပ်စဲရေးနောက်ကွယ်မှ စကားလုံးများအဖြစ် ပြည်သူတို့  ခံစားတတ်သွားစေပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
Print Friendly and PDFPrintPrint Friendly and PDFPDF