စစ်တွေမြို့တွင် ကျောင်းသူကျောင်းသားများ ခွဲခြားဆက်ဆံခံနေရ

စစ်တွေမြို့တွင် မှုလတန်းကျောင်းများတွင် စာသင်နေသောကလေးကျောင်းသားလေးများပါ မကျန် ကျူရှင်၊ညကျောင်း၊၀ိုင်း၊ဂိုက်စ် တို့ထားမှ အဆင်ပြေကြောင်း သိရပါသည်။

၎င်းသတင်းနှင့် ပတ်သတ်၍ စစ်တွေမြိုရပ်ကွက်နေ တစ်ဦးကိုမေးမြန်းကြည့်ရာ
ဟုတ်ပါတယ်။ဆရာမတွေက ကျောင်းကြီးတွေမှာ ခလေးတွေကို ကောင်းကောင်းမွန်မွန်
စာမပြပေးပါဘူး။သူတို့ဖွင့်တဲ့ ၀ိုင်းတို့မှာ တက်မှ ခလေးတွေကမျက်နှာသာပေးခံရတာပါ။အဲလိုမှ သူတို့ဖွင့်တဲ့ဝိုင်းတွေမှာ ကျောင်းမထားတဲ့ခလေးတွေဆို အနိမ်ခံရပါတယ်။ခွဲခြားဆက်ဆံနေတာပါ။ဝိုင်းတို့၊ညကျောင်းတက်တဲ့ခလေးတွေဆို စာမေးပွဲတွေအတွက် မေးခွန်းပေါက်ပါတယ်။တကယ်လို့
စာမေးပွဲမှာ အမှတ်ချင်း တူနေရင်တောင်မှ ကျောင်းကြီးထဲမှ ဆရာမတွေဆီမှာ
ဝိုင်းတက်နေတဲ့ ခလေးကို အမှတ်တင်ပေးပါတယ်။စစ်တွေမြို့ဆင်ခြေဖုးံရပ်ကွက်က
မုန့်တီချက်ရောင်းတဲ့အမျိုးသမီးတစ်ယောက်မှာဆိုရင် ဆင်းရဲလို့ သူ့သား ကျောင်းမှာ ဆုရမှာကို
ကြောက်နေပါတယ်။ဆုမရပါစေနဲ့ဆုတောင်းနေပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုရင်ဆုရတဲ့ခလေးတွေ ဆုယူဖို့ဆိုရင် တက်နေတဲ့ကျောင်းမှာ ပိုက်ဆံထည့်ရပါတယ်တဲ့။အဲဒီလို ဆုတောင်းနေတဲ့ကြားထဲမှာ သူ့သားလေးကဆုရလာပါတယ်။ဆုလည်း ရရော ကျောင်းက ဆရာမကြီးက မိဘတွေကို
ခေါ်ပြောပါတယ်တဲ့။ငွေ(၃၀၀၀) ထည့်ရမယ်။သူယောက်ျားဆိုက်ကားမောင်းတာပါ။တစ်နေ့လုပ်မှ
တစ်နေ့စားရတဲ့သူတွေပါ။ဆိုက်ကားမောင်းလို့ရတဲ့ပိုက်ဆံ(၃၀၀၀)ကျပ်ကို
 သူမိန်းမကို အပ်ပါတယ်။ငွေ(၃၀၀၀)ကျပ်ထဲက တစ်ထောင်ကို ဈေးဝယ်တာမှာ ၀င်ပါသွားလို့ (၂၀၀၀)သာကျန်ခဲ့ပါတယ်တဲ့။ဒါနဲ့ မတတ်နိုင်တဲ့အဆုးံဆရာမကြီးဆီကို သွားပြီး ငွေ (၂၀၀၀)သာ ရှိပါတယ်။ဆရာမကြီးက ပေးခဲ့ဒါဆိုလည်း ဆိုပြီး ယူထားလိုက်ပါတယ်တဲ့။ကျောင်းတွင် အလှူငွေစာရင်း
ဆိုင်းဘုတ်ထောင်တဲ့ အခါမှာ ၄င်းအမျိုးသမီးနာမည်နဲ့ လှူထားတဲ့ငွေ(၂၀၀၀)စာရင်းမပါလာပါဘူး။ဆရာမတွေ ငွေတစ်ခုတည်းကို ကြည့်ပြီး တော်တော်အကျင့်ပျက်နေကြတာပါ စိတ်မကောင်းစရာပါ ဆိုပြီး ပြောသွားပါတယ်။


 စစ်တွေမြို.တွင် ဆင်းရဲနွမ်းပါးတဲ့ မိဘတွေမှာ သားသမီးတွေကိုကျူရှင်၊၀ိုင်း၊ဂိုက်စ် တို့ မထားနိုင်လို့
စိတ်ညစ်နေရပါတယ်။စစ်တွေမြို့တွင် ကျောင်းတွေ တော်တော်များများ အလယ်တန်း အထက်တန်း တွေပါ မကျန် ခွဲခြားဆက်ဆံခြင်းများ ဖြစ်နေပါတယ်။”မျက်နှာကြီးရာ ဟင်းခွက်ပါ”ဆိုတဲ့အတိုင်းဆင်းရဲတဲ့ခလေးတွေဆို ခွဲခြားဆက်ဆံတာတို့ အနှိမ်ခံနေရတာတို့ ရှိနေတယ်လို့
သိရပါသည်။(အာဂလူ-စစ်တွေ)
Print Friendly and PDFPrintPrint Friendly and PDFPDF