စစ်တွေမြို့ရထားဆွဲပွဲတော်တွင် ဆင်တူအ၀တ်များ ၀တ်ဆင်လို့ရွှေဂစ်လှုပ်ရှားမှုများ ဖြစ်ပွားခဲ့


စစ်တွေမြို့ မြိုလုးံကျွတ်ရထားဆွဲပွဲတွင် အခုလ ၅ရက်နေ့က ရွှေဂစ်လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့ပါသည်။ ကျောက်ဖြူလွှတ်တော်အမတ် ဦးဘရှင်က ၂၀၁၁ စင်တင်ဘာလ ၂၇ နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်တွင်  ရခိုင်ပြည် ကျောက်ဖြူက ထွက်တဲ့ ရွှေဂစ်အား ရခိုင်ပြည်တွင် အသုးံပြုခွင့် ရှိမရှိမေးမြန်းရာ စွမ်းအင်ဝန်ကြီးဌါနမှ ၀န်ကြီးဦးသန်းဌေးက ရခိုင်ပြည်တွင် အသုးံပြုရန် အစီစဉ်မရှိလို့ ဖြေကြားခဲ့သောကြောင့် အခုလို ရွှေဂစ် Compaign များ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

၎င်းရခိုင်ရိုးရာ ရထားဆွဲပွဲတော်တွင် ရွှေဂစ်လှုပ်ရှားမှုနဲ့ပတ်သတ်လို့ ရက္ခအလင်းတန်းကို ဆက်သွယ်မေးမြန်းရာ ပြောခွင့်ရသူ တစ်ဦးက အခုလို ပြောပါသည်။ဟုတ်ပါတယ် ကျွန်မတို့  ရက္ခအလင်းတန်းက ဦးဆောင်၍ ရွှေဂစ်နဲ့ဆိုင်သော တူညီအ၀တ်အစားများဝတ်ဆင်ခြင်းဖြင့် ရခိုင်လူမျိုးတို့၏ လိုလားချက်များကို ဖော်ပြခဲ့ကြပါသည်။ယင်းအ၀တ်အစားတွင် "ငါရို့ဂစ်သည် ငါရို့ အနာဂတ် ရွှီဂစ်စီမံကိန်း ချက်ချင်းရပ်"ဆိုသော စာတန်းများ ပါရှိပါတယ်။ပွဲကို စပြီးလုပ်တဲ့နေ့ကနေ ဒီလို အ၀တ်အစားတွေ ၀တ်ဆင်ပြီးလှုပ်ရှားခဲ့ကြတာပါ။အခု ဒီနေ့ ၅ရက်နေ့ရောက်မှ လုံခြုံရေးတွေ တော်တော်များလာပြီး ရွှေဂစ်လှုပ်ရှားမှု အ၀တ်ဝတ်ဆင်ထားတဲ့လူငယ်တွေကို ရဲက လိုက်ဖမ်းပါတယ်။အ၀တ်အစားတွေကိုလည်း သိမ်းပါတယ်။နောက် ရထားဆွဲပွဲတွင် ၄င်းအ၀တ်အစားများ ၀တ်ဆင်ပြီး ရထားဆွဲပွဲတွင် ပါဝင်ပြီး ၀င်ဆွဲခွင့် ကို ပွဲကျင်းပရေးကော်မတီက ပိတ်ပင်ထားပါတယ်။ဝင်ဆွဲလို့မရပါဘူး လို့ ပြောခဲ့ပါသည်။

ရထားဆွဲပွဲတွင် မည်သူမဆို လွှတ်လပ်စွာ ၀င်ဆွဲနိုင်ပြီး ရခိုင်တို့၏ တန်ဖိုးမဖြတ်နိုင်သော အစဉ်အလာ ပွဲတော်တစ်ခုဖြစ်ကြောင်းလည်း သိရပါသည်။ရထားဆွဲပွဲတွင် ရွှေဂစ်နဲ.ဆိုင်သောအ၀တ်အစားများ ၀တ်ဆင်ပြီး ရထားကို ဘာကြောင့်ဆွဲခြင်းမပြုပါသလဲလို့ ပွဲတော်ကျင်းပရေးကော်မတီဝင် တစ်ဦးကို မေးမြန်းရာ ဒီလို ပွဲတော်မျိုး ကျင်းပနိုင်ဖို့အတွက် သူတို့ပွဲကျင်းပရေးကော်မတီအနေနဲ့ ခက်ခက်ခဲခဲ တင်ပြပြီး ပွဲလုပ်ခွင့် တောင်းခံခဲ့ရတယ်။ရထားဆွဲပွဲတော်ဖြစ်မြောက်ဖို့အတွက် နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန် လက်မှတ်လည်း ထိုးခဲ့ရတယ်လို့ သိရပါတယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နောက်နောင် ရထားဆွဲပွဲကို ဆက်လက်လုပ်ဆောင်နိုင်အောင် အာဏာပိုင်များက ပိတ်ပင်တားဆီးခြင်းမရှိအောင် တတ်နိုင်သလောက် နိုင်ငံရေးနဲ့ ရှောင်ကြဉ်အောင် လုပ်ဆောင်နေတာပါဟု ပြောပါသည်။

ရခိုင်ရိုးရာ ရထားပွဲတော်ကို အရင်က မိဇံရပ်ကွက်တွင် ကျင်းပလေ့ရှိပြီး အခုခါ နေရာအခက်ခဲကြောင့် ၀င်င်္ကဘာကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်သည်။မြောက်ဦးခေတ် ရခိုင်ပညာရှိအမတ် ဦးမြ၀ါကို ဂုဏ်ပြုသောအားဖြင့် ၄င်းပွဲတော်ကို ကျင်းပလာကြတာ အခုတိုင်အောင်ပင်  ဖြစ်သည်။ရခိုင်တို့၏ ဆယ့်နှစ်လရာသီပွဲတော်တွေထဲမှာ ရထားဆွဲပွဲသည်လည်း တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရှိရပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF