၁၄နှစ်ပြည့် ရခိုင်ပြည်တပ်မတော်စစ်ဦးချုပ်ဗိုလ်ခိုင်ရာဇာကျဆုးံခြင်းနိန်. ၀မ်းနည်းခြင်းမှတ်တမ်း

ရခိုင်ပြည်တပ်မတော်စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ်ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁
ရက်နိ့ဆိုကေ ဗိုလ်ရာဇာ ကျဆုံးလားစွာ၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီ လ ၁၁ ရက်နိန့်ဆိုပါကေ၁၄ နှစ်ပြည့်မြောက်ရေနိန့်ဖြစ်ပါရေ။ဗိုလ်ရာဇာစွာ မင်းပြားမြို့နယ်ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါရေ။ သူ၏ဖခင်က ဦးသာမြအောင်၊ မိခင်ကဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါရေ။
သားသမီး (၇) ယောက်အနက်တတိယမြောက် သားဖြစ်ပါရေ။ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါရေ။

ဗိုလ်ရာဇာစွာ သူရ သတ္တိနန့်ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းရေသူ တစ်ဦး
ဖြစ်ပါရေ။ နောက်ပြီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါရေ။ နီစွာထိုင်စွာ လားစွာလာစွာအစ သတိ ဟိပါရေ။စစ်သားကောင်းတစ်ယောက်အနိနန့် ဇာနိန်ရာမှသူ့ကိုပြောဖွယ်ရာမဟိပါ။ဆက်ဆံရေး မှာ၎င်း၊စည်းရုံးရေးမှာ၎င်း၊လူထုနန့်ဆက်ဆံရေနိန်ရာမှာလည်းပျော့ပျောင်းပါရေ။ပီးကမ်းချီးမြှင့်ရေနိန်ရာမှာလည်းမငှဲ့ကွက်တတ်ပါ။ငယ်သားတိအပေါ်မှာ စိတ်ထိခိုက်အောင်မပြောပါ။
နောက်ပြီးကေမဟာမိတ်တိနန့်လည်းပြေလည်ပါရေ။
ဗုဒ္ဓဘာသာနန့်ဆိုင်ရေလှူဒါန်းစွန့်ကြဲပေးကမ်းမှုတိကို ရောက်ရေနိန်ရာမှာ လုပ်ပါရေ။ပြီးကေဗိုလ်ရာဇာစွာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် တခုလည်းလုပ်ကိုင်ခစွာ မဟိဘဲ အမြင့်မြတ်ဆုံး ပီးဆပ်လားသူတစ်ဦးဖြစ်ပါရေ။
ဗိုလ်ရာဇာစွာရခိုင့်နိုင်ငံရေးတော်လှန်ရေးမှာ စံတင်ထားလောက်တေ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါရေ။

ယင်းကြောင့်ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာစွာ
အထူးထင်ရှားသူတစ်ဦးဖြစ်ခစွာ ဖြစ်ပါရေ။ရခိုင်ပြည်တပ်မတော်စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ်ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် ၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီ လ ၁၁ ရက်နိန့်ဆိုပါကေရခိုင်ပြည်တပ်မတော်စစ်ဦးစီချုပ် ဗိုလ်ရာဇာဘ၀တပါးကိုပြောင်းလားစွာ ၁၄ နှစ်ပြည့်မြောက်ရေနိန့်ဖြစ်ပါရေ။
 
ရခိုင့်အမျိုးသားရေး နိုင်နိုင်
Print Friendly and PDFPrintPrint Friendly and PDFPDF