တခါတုန်းကပေါ့။ ရန်ကုန်ကိုရောက်လာတဲ့ နိုင်ငံခြားသားတဦး တပ်မတော်မှတ်တမ်းရုံးနဲ့ တိရိစ္ဆာန်ရုံကြားက ကားမှတ်တိုင်မှာ ဘတ်စကားစောင့်နေတယ်။ ဘတ်စကားစောင့်နေရင်း သိချင်တာတခုရှိတာနဲ့ သူ့ရှေ့ ဖြတ် လျှောက်သွားတဲ့ မြန်မာနိုင်ငံသားတဦးကို အကူအညီ လှမ်းတောင်းလိုက်တယ်။ ပြီးတော့ တိရိစ္ဆာန်ရုံအုတ်တံ တိုင်းကို လက်ညှိုးထိုးပြီး ဘာကြောင့် အုတ်တံတိုင်း အမြင့်ကြီး ကာထားတာလဲလို့ မေးလိုက်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားကလည်း Dangerous Animals ဆိုပြီး မဆိုင်းမတွ ဖြေလိုက်တယ်
Golden Mrauk-Oo Bloodvessel
GoldenMrauk-Oo Bloodvessel
မြောက်ဦးနန်းတော်ကုန်း သမိုင်း
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကိုတူးဖြိုညှိလျှက်တည်ခသော
ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။
နန်းတော်ကုန်းပတ်လည်စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်ငတံတိုင်းပြုကာအမာခံလျှက် ကေဇာသက္ကရာဇ်(၇၉၂)ခုတောသလင်းလဆန်း (၁)ရက်တလဂုင်္နီနိန့်၊ခရစ်သက္ကရာဇ်(၁၄၃၀)ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကိုစတင်တည်ထောင်သည်။
ပမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ
အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။
မြောက်ဦးဒုတိယခေတ်မင်းဗာဘုရင်လက်ထက်ရောက်သော

သမီးဘောင်းဘီ ဆရာကြီး ခိုးသွားတယ်
ဇော်ကြီး (ပေါက်တော)
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က “အားနွဲ့တဲ့ မိန်းမသားပါရှင့် ... ဒီလောက် ဓားတွေ လှံတွေ ကိုင်ပြီး မခြိမ်းခြောက်ပါနဲ့” လို့ တောင်းပန်နေတဲ့ အမေ့ရဲ့စကားကို ဓားပြတွေ ကြားတော့ “ဒီလိုဆို ဒေါ်ကြီးမှာ ရှိတဲ့ ပစ္စည်းတွေ အကုန်ပေး” လို့ ဓားပြဗိုလ်ကြီးက ပြောတယ်။ ဓားပြဗိုလ်ကြီးရဲ့စကားကြောင့် လူမသေရင် ငွေရှာလို့ ရတယ်။ ဥစ္စာပစ္စည်းဆိုတာ တခါတရံ အသက်ကိုပါ အန္တရာယ်ပြုတတ်တယ်ဆိုတာကို အမေ နားလည်လို့လား မသိ၊ အိမ်မှာရှိတဲ့ ရွှေ၊ ငွေ ပစ္စည်းတွေ တခုမကျန် အကုန်ပေးလိုက်တာကို တကျော့ပြန် သတိရမိတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနှင့် ဆက်ဆံရေး ပြန်လုပ်မည်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ထောက်ခံ အားပေးသည့် အနေဖြင့် ဆက်ဆံမှုများ ပြန်လည်ပြုလုပ်ရန် ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက မကြာသေးမီက ထုတ်ပြန်လိုက်သည်။
ကမ္ဘာ့ဘဏ်အဖွဲ့ကြီး၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Ms. Pamela Cox က “မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အားရပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေအတွက် အထောက်အကူဖြစ်စေဖို့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်လုပ်နေပါပြီ။ ဆင်းရဲသားတွေ၊ ဖူလုံမှုမရှိသူတွေ အပါအ၀င် မြန်မာပြည်သူတွေ အကျိုးရှိမှာပါ” ဟု ထုတ်ပြန်ချက်တွင် ပြောထားကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုနေ့တွင် ဆုးံဖြတ်ချက်(၃)ရပ် ချမှတ်
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုံးဖြတ်ချက် (၃) ရပ်ကို ချမှတ်ခဲ့သည်ဟု သိရသည်။
ALD(Japan)အဆိုပါ ဆုံးဖြတ်ချက် (၃) ရပ်မှာ နံပါတ် (၁)ကချင်ပြည်နယ်တွင် ဦးသိန်းစိန်အစိုးရမှ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်ပေးရန်။ (၂)ဒုတိယပင်လုံ ညီလာခံကို ခေါ်ယူပြီး အနာဂတ် ပြည်ထောင်စု ထူထောင်ရန် တိုင်းရင်းသာပေါင်းစုံ ပါဝင်သော ကျယ်ပြန့်သည့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပရန်။ (၃)တိုင်ရင်းသားများ တန်းတူအခွင့်အရေးရှိပြီး၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန် တီးခွင့်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းရန်စသော ဆုံးဖြတ်ချက်များ ဖြစ်ကြောင်း သိရ သည်။

ရန်ကုန် လိုင်သာယာမီး အိမ် ၈ လုံးလောင်ကျွမ်း
ရန်ကုန်တိုင်း လိုင်သာယာတွင် ယနေ့နေ့လည်က မီးလောင်မူ ဖြစ်ပွားရာ အိမ် (၈) လုံး မီးထဲ ပါသွားကြောင်း သတင်း ရရှိသည်။
မီးမှာ လိုင်သာယာ စက်မူဇုံ အမှတ် (၂၀) ရက်ကွက်တွင် လောင်ကျွမ်းခြင်း ဖြစ်ပြီး လျှပ်စစ်ဝါယားကြိုး ချော့ဖြစ်ရာမှာ စတင်လောင်းကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
မီးမှာ လိုင်သာယာ စက်မူဇုံ အမှတ် (၂၀) ရက်ကွက်တွင် လောင်ကျွမ်းခြင်း ဖြစ်ပြီး လျှပ်စစ်ဝါယားကြိုး ချော့ဖြစ်ရာမှာ စတင်လောင်းကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

အတိတ်သမိုင်းက ခွဲထွက်ပနာ သို့ မဟုတ် ပစ္စုပန်မှာ မညီညွတ်ဆုံးသော ရခိုင်နိုင်ငံရေး ၀န်းကျင်က မုန်တိုင်းများ
အတိတ်သမိုင်းက ခွဲထွက်ပနာ သို့ မဟုတ် ပစ္စုပန်မှာ မညီညွတ်ဆုံးသော ရခိုင်နိုင်ငံရေးဝန်းကျင်က မုန်တိုင်းများ
သမတ ဦးသိန်းစိန် အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် နယ်စပ်ဒေသမှာ ဟိရေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တိနင့် ဆွီးနွီးနိန်စွာ ဟိပါရေ ။ နောက်-၃-လ အတွင်းမှာ ယင်းဆွီးနွီးပွဲတိ ပြီးဆုံး လားဖို့ ဗျန်လို့  ပြောလာပါဗျန်ထော ။ ကချင်ဖက် ကရင်ဖက် ရှမ်းဖက်မှာတော့ခါ ဆွီးနွီးနီကေလေးသွင့် တိုက်ပွဲကတော့ခါ ဟိနီတုံးပါသိ ။ ယင်းပိုင် ဖြိုက်နီစော်တိကြားထဲမှာ ရခိုင်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ တိနင့် အပစ်အခတ် ဆွီးနွီးပွဲတိလေးသွင့် ဖိတ်ခေါ်နီရေ ဆိုပနာ ပြောသံတိ ကြားလာရပါယင့် ။ ရထားဝန်ကြီး အောင်မင်းက တရားဝင်ဖိတ်ခေါ်စော်ကို မီဒီယာတိမှာ တွိရစော်က ရခိုင်လွပ်မြောက်ရေးပါတီ ( ALP ) ၊ ရခိုင်ပြည်သူ့ ညီညွတ်ရေးပါတီ ( NUPA ) လို့  သိရပါရေထော ။ ရခိုင်ပြည် ဒီမိုကရက်ပါတီ ( DPA ) ကိုတော့ခါ မီဒီယာတိ ပြည်တွင်းထုတ် သတင်းစာတိမှာ ဖေါ်ပြထားစော် မတွိရပါသိ။ ယေကေလေးသွင့် ရခိုင့်အသံ DVB အင်တာဗျူး

တွေ့ ဆုံဆွေးနွေးရေးအတွက် ရခိုင်နှင့် သမတဦးသိန်းစိန် အစိုးရ ဘာကို အသိအမှတ်ပြုကြမှာလဲ
ဒီခေါင်းစဉ်ကို ကျနော် ဘာကြောင့် ရွေးချယ်ရတာကို အစကနေ ပြောပြချင်တယ်။ အခုဟာက သမတ ဦးသိန်းစိန်အစိုးရက အပစ်အခတ်ရပ်စဲရေးနဲ့  ငြိမ်းချမ်းရေးကို လုပ်ကြရာမှာ ထာဝရငြိမ်းချမ်းရေးအတွက် ဆိုပြီး ကြေညာနေတာ တွေ့ ရလို့ ပါဘဲ ။ ခက်နေတာက ကချင်ဖက်မှာ ကရင်ဖက်မှာ ရှမ်းဖက်မှာ ရခိုင်ဖက်မှာ တိုက်ပွဲတွေ မစဲဘဲ ရှိနေချိန်မှာ ဒုက္ခသည်တွေ နယ်စပ်ဒေသတွေကို ထွက်ပြေးလာနေကြချိန် လုပ်နေလို့ ဘဲဖြစ် တယ် ။ ဒီတိုက်ပွဲတွေ ဖြစ်နေတာကို သမတဦးသိန်းစိန်က လက်မှတ်ထိုးပြီး ရပ်တန့် ပေးဖို့  ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင်ကို အသနားခံစာ တစောင် ပေးပို့ ခဲ့ ပါသေးတယ်

စစ်တွေမြို့တွင် ကျောင်းသူကျောင်းသားများ ခွဲခြားဆက်ဆံခံနေရ
စစ်တွေမြို့တွင် မှုလတန်းကျောင်းများတွင် စာသင်နေသောကလေးကျောင်းသားလေးများပါ မကျန် ကျူရှင်၊ညကျောင်း၊၀ိုင်း၊ဂိုက်စ် တို့ထားမှ အဆင်ပြေကြောင်း သိရပါသည်။
၎င်းသတင်းနှင့် ပတ်သတ်၍ စစ်တွေမြိုရပ်ကွက်နေ တစ်ဦးကိုမေးမြန်းကြည့်ရာ
ဟုတ်ပါတယ်။ဆရာမတွေက ကျောင်းကြီးတွေမှာ ခလေးတွေကို ကောင်းကောင်းမွန်မွန်
စာမပြပေးပါဘူး။သူတို့ဖွင့်တဲ့ ၀ိုင်းတို့မှာ တက်မှ ခလေးတွေကမျက်နှာသာပေးခံရတာပါ။အဲလိုမှ သူတို့ဖွင့်တဲ့ဝိုင်းတွေမှာ ကျောင်းမထားတဲ့ခလေးတွေဆို အနိမ်ခံရပါတယ်။ခွဲခြားဆက်ဆံနေတာ
စာမေးပွဲမှာ အမှတ်ချင်း တူနေရင်တောင်မှ ကျောင်းကြီးထဲမှ ဆရာမတွေဆီမှာ
ဝိုင်းတက်နေတဲ့ ခလေးကို အမှတ်တင်ပေးပါတယ်။စစ်တွေမြို့

စစ်တွေမြို့ရထားဆွဲပွဲတော်တွင် ဆင်တူအ၀တ်များ ၀တ်ဆင်လို့ရွှေဂစ်လှုပ်ရှားမှုများ ဖြစ်ပွားခဲ့
စစ်တွေမြို့ မြိုလုးံကျွတ်ရထားဆွဲပွဲတွင် အခုလ ၅ရက်နေ့က ရွှေဂစ်လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့ပါသည်။ ကျောက်ဖြူလွှတ်တော်အမတ် ဦးဘရှင်က ၂၀၁၁ စင်တင်ဘာလ ၂၇ နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည် ကျောက်ဖြူက ထွက်တဲ့ ရွှေဂစ်အား ရခိုင်ပြည်တွင် အသုးံပြုခွင့် ရှိမရှိမေးမြန်းရာ စွမ်းအင်ဝန်ကြီးဌါနမှ ၀န်ကြီးဦးသန်းဌေးက ရခိုင်ပြည်တွင် အသုးံပြုရန် အစီစဉ်မရှိလို့ ဖြေကြားခဲ့သောကြောင့် အခုလို ရွှေဂစ် Compaign များ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

Subscribe to:
Posts (Atom)